YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:1-50

ရှင်မဿဲ 12:1-50 Judson Bible (JBMLE)

ထို​ကာ​လ​အ​ခါ ယေ​ရှု​သည် ဥ​ပုသ်​နေ့၌ ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် ဆာ​မွတ်​သော​ကြောင့် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်၍​စား​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ မိ​မိ​မ​စား​အပ်၊ မိ​မိ​အ​ဖော်​မ​စား​အပ်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သာ စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား​သည်​အ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။- ငါ​ဆို​သည်​ကား၊ ဤ​အ​ရပ်၌ ဗိ​မာန်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​အ​ရာ​ရှိ၏။- ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။- လူ​သား​သည် ဥ​ပုသ်​နေ့​ကို အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်​မှ ကြွ၍ တ​ရား​ဇ​ရပ်​သို့ ဝင်​တော်​မူ၏။ လက်​တစ်​ဖက် သေ​သော​သူ​တစ်​ယောက် ရှိ​သည်​ဖြစ်၍၊- လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။- လူ​သည် သိုး​ထက် အ​လွန်​မြတ်​ပေ၏။ ထို​ကြောင့်​ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သည်​ဟု ပြန်​ပြော​တော်​မူ​ပြီး​မှ၊- ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။- ထို​သူ​တို့​သည် သ​တင်း​တော်​ကို မ​ဖွင့်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊- ငါ​ရွေး​ချယ်​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။- ငြင်း​ခုံ​ခြင်း၊ ဟစ်​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။- နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို​မ​ချိုး၊ မီး​ခိုး​များ​သော မီး​စာ​ကို​မ​သတ်။ တ​ရား​သည် အောင်​မြင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။- သူ၏​နာ​မ​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်​ကိုး​စား​ကြ​လိမ့်​မည်​ဟု ဟော​ထား​သ​တည်း။ ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။- လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။- အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။- အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။- ကောင်း​သော​သူ​သည် ကောင်း​သော​စိတ်​နှ​လုံး​ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။- ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။- သို့​မ​ဟုတ် သင့်​စ​ကား​များ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။- ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ၊ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မြို့​သား​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား၊ ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော အ​ရပ်​တို့၌​လည်၍ ငြိမ်​ဝပ်​ခြင်း​ကို ရှာ​တတ်၏။- မ​တွေ့​လျှင် ငါ​သည် ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့ ပြန်​ရ​ဦး​မည်​ဟု​ဆို၍၊ ရောက်​သော​အ​ခါ ထို​အိမ်​သည် လွတ်​လပ်၍ သုတ်​သင်​ပြင်​ဆင်​လျက် ရှိ​သည်​ကို တွေ့​သော်၊- မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။- လူ​တစ်​ယောက်​က​လည်း၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၏။- လက်​တော်​ကို​လည်း​ဆန့်၍ တ​ပည့်​တော်​တို့​ကို ညွှန်​လျက်၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 12:1-50 Common Language Bible (BCL)

ထို​နောက်​များ​မ​ကြာ​မီ​ဥ​ပုသ်​နေ့​၌​သ​ခင် ယေ​ရှု​သည် ဂျုံ​ခင်း​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍​စား​ကြ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။- သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။- ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။- ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။- `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။- လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ကြွ​တော်​မူ​၍ တ​ရား​ဇ​ရပ်​တစ်​ခု​သို့​ဝင်​တော်​မူ​၏။- တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။ ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။- လူ​သည်​သိုး​ထက်​များ​စွာ​ပို​၍​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​ပါ​လော။ သို့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌​ကောင်း သော​အ​မှု​ကို​ပြု​လုပ်​နိုင်​ခွင့်​ရှိ​၏'' ဟု​မိန့်​တော် မူ​သည်။- ထို​နောက်​ကိုယ်​တော်​က​လက်​သေ​သူ​အား ``သင်​၏ လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည် လက်​ကို​ဆန့်​လိုက်​လျှင်​ထို​လက်​သည်​အ​ခြား​လက် တစ်​ဖက်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၏။- ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​သွား​ကြ ပြီး​လျှင် ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​တိုင်​ပင် ကြ​၏။ ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။- သို့​ရာ​တွင်​မိ​မိ​၏​အ​ကြောင်း​ကို​သူ​တစ်​ပါး​တို့ အား​မ​ပြော​ကြား​ရန် ထို​သူ​တို့​ကို​ပ​ညတ်​တော် မူ​၏။- ဤ​သို့​ပ​ညတ်​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​တော်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ထို​ဗျာ​ဒိတ်​တော်​ကား၊ ``ငါ​နှစ်​သက်​မြတ်​နိုး​သူ၊ငါ​ရွေး​ချယ်​သော အ​စေ​ခံ​ကို​ကြည့်​ကြ​လော့။ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​၏​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်။ သူ​သည်​ငါ​ချ​မှတ်​တော်​မူ​သည့်​တ​ရား စီ​ရင်​ချက်​ကို၊ လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​ငြင်း​ခုံ​ခြင်း၊သို့​မ​ဟုတ် ဟစ်​အော်​ခြင်း​ကို​ပြု​လိမ့်​မည်​မ​ဟုတ်၊ လမ်း​တွင်​သူ​၏​အ​သံ​ကို​အ​ဘယ်​သူ​မျှ ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​သူ့​ကို​ကိုး​စား​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။ ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။- သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။- ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​လျှင် သင်​တို့​၏ တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ​ပြု​၍​နှင်​ထုတ် ကြ​ပါ​သ​နည်း။ သင်​တို့​မှား​ယွင်း​ကြောင်း​ကို​သင် တို့​တ​ပည့်​များ​၏​အ​ပြု​အ​မူ​က​ပင်​သက်​သေ ခံ​၏။- ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။ ``အ​ဘယ်​သူ​သည်​ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ မ​ချည်​မ​နှောင်​ဘဲ သူ​၏​အိမ်​သို့​ဝင်​၍​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​နိုင်​ပါ​မည်​နည်း။ ချည်​နှောင်​ပြီး မှ​သာ​လု​ယူ​နိုင်​ပေ​မည်။ ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။- ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ အ​ပြစ်​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း၊ ပြစ် မှား​ပြော​ဆို​သည့်​စ​ကား​ဟူ​သ​မျှ​အ​တွက် လည်း​ကောင်း လူ​တို့​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​ရှိ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို သူ​သည်​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​မ​ရှိ။- လူ​သား​ကို​ပြစ်​မှား​ပြော​ဆို​သူ​သည်​အ​ပြစ်​ဖြေ လွှတ်​နိုင်​၏။ သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​ပြစ်​မှား​ပြော​ဆို​သော​သူ​မူ​ကား​ယ​ခု​ဘ​ဝ နောင်​ဘ​ဝ​တွင်​အ​ပြစ်​ဖြေ​လွှတ်​လိမ့်​မည်​မ​ဟုတ်။ ``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။- အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။- ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။- သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ အ​ချို့​သော​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​တို့​အား​နိ​မိတ်​လက္ခ​ဏာ တစ်​ခု​ကို​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။- ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။- နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။ ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊ `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊ သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။- လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။- ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။- ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 12:1-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။ ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။ ထို့ပြင် ဥပုသ်နေ့​တွင် ဗိမာန်​တော်​၌​ရှိ​သော ယဇ်ပုရောဟိတ်​များ​သည် ဥပုသ်နေ့​ဆိုင်ရာ​ပညတ်ချက်​ကို​ချိုးဖောက်​ကြ​သော်လည်း အပြစ်​မ​ရှိ​ကြောင်း ပညတ်​တရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သလော။ သင်​တို့​အား ငါ​ဆို​သည်​ကား ဗိမာန်​တော်​ထက်​ကြီးမြတ်​သော​သူ​သည် ဤ​နေရာ​၌​ရှိ​၏။ ‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​တော်မူ​၏။ ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥပုသ်နေ့​၌ တွင်း​ထဲသို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲတင်​ဘဲ​နေ​မည်လော။ လူ​သည် သိုး​ထက် များစွာ​အဖိုးထိုက်​၏။ ထို့ကြောင့် ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​ခြင်း​သည် တရား​တော်​နှင့်​ညီ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အခြား​တစ်ဖက်​ကဲ့သို့ အကောင်း​ပကတိ​ဖြစ်​လျက် သန်စွမ်း​လေ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။ ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင် မိမိ​အကြောင်း​ကို သိသာ​ထင်ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သတိပေး​တော်မူ​၏။ ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ မိန့်​တော်မူ​ချက်​မှာ “ကြည့်ရှု​လော့။ ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​အမှုဆောင်၊ ငါ​၏​စိတ်​ဝိညာဉ်​နှစ်သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အပေါ်၌ ငါ​၏​ဝိညာဉ်​ကို​တည်​စေ​သဖြင့် သူ​သည် လူမျိုး​တကာ​တို့​အား တရားမျှတ​မှု​ကို ကြေညာ​လိမ့်မည်။ သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။ တရားမျှတ​မှု​ကို အောင်မြင်​ခြင်း​သို့​ပို့ဆောင်​သည်​အထိ သူ​သည် ကြေ​နေ​သော​ကျူပင်​ကို​ချိုး​မည်​မ​ဟုတ်။ တငွေ့ငွေ့​လောင်​နေ​သော​မီးစာ​ကို​လည်း ငြှိမ်းသတ်​မည်​မ​ဟုတ်။ လူမျိုးခြား​တို့​သည် သူ​၏​နာမ​၌ မျှော်လင့်​အားထား​ကြ​လိမ့်မည်”​ဟူ၍ ဖြစ်​၏။ ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။ ထိုအခါ လူထု​ပရိသတ်​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​၍ “ဤ​သူ​သည် ဒါဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြောဆို​ကြ​၏။ ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။ သို့သော် ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​သဖြင့်“မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​မြို့​၊ သို့မဟုတ် အိမ်ထောင်စု​တိုင်း​သည်​လည်း တည်မြဲ​မည်​မ​ဟုတ်။ စာတန်​သည် စာတန်​ကို​နှင်ထုတ်​လျှင် မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​၏။ သို့ဖြစ်လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​မည်နည်း။ ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် သင်​တို့​၏​သား​များ​သည် မည်သူ့​ကို​အမှီပြု​၍ နှင်ထုတ်​ကြ​သနည်း။ ထို့ကြောင့် သူ​တို့​သည် သင်​တို့​ကို​တရား​စီရင်​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။ ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်သို့​လုယူ​နိုင်​မည်နည်း။ ချည်နှောင်​ပြီးမှ​သာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။ ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်ကွဲတစ်ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။ ထို့ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ခြင်း​နှင့် အပြစ်​ဟူသမျှ​တို့​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​ခြင်း​အတွက်​မူကား ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။ လူ့သား​အပေါ် ဆန့်ကျင်​သည့်​စကား​ကို​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဆန့်ကျင်​ပြောဆို​သော​သူ​သည် ယခု​ဘဝ​၌​ဖြစ်စေ၊ နောင်​ဘဝ​၌​ဖြစ်စေ ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။ အပင်​ကို အသီး​အားဖြင့် သိ​ရ​သည်​ဖြစ်၍ အသီး​ကောင်း​လျှင် အပင်​ကောင်း​သည်​ဟု​မှတ်ယူ​ကြ​လော့။ သို့မဟုတ် အသီး​မကောင်း​လျှင် အပင်​မကောင်း​ဟု မှတ်ယူ​ကြ​လော့။ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အရာ​ကို မည်သို့​ပြောဆို​နိုင်​မည်နည်း။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။ ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိမိ​တို့​ပြောဆို​သည့် အကျိုး​မ​ရှိ​သော​စကား​အားလုံး​အတွက် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။ အကြောင်းမူကား သင်​ပြော​သော​စကား​များ​အားဖြင့် သင်​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လိမ့်မည်။ သို့မဟုတ် သင်​ပြော​သော​စကား​များ​အားဖြင့် အပြစ်​ရှိ​သည်​ဟု သတ်မှတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် အချို့​သော​ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဆရာ၊ အကျွန်ုပ်​တို့​သည် ဆရာ့​ထံမှ​နိမိတ်​လက္ခဏာ​ကို တွေ့မြင်​လို​ပါ​သည်”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား ယောန​သည် ငါးကြီး​ဝမ်း​ထဲ၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရသကဲ့သို့ လူ့သား​သည်​လည်း မြေကြီး​အတွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်မည်။ တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။ တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။ ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့ လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့် ‘ငါ​ထွက်လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်လာ​ရာ ထို​နေရာ​မှာ လစ်လပ်​နေ​ပြီး လှဲကျင်း​၍ သပ်ရပ်​စွာ​ပြင်ဆင်​ထား​သည်​ကို​တွေ့​လေ​၏။ ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။ ထိုအခါ လူ​တစ်​ဦး​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​ဖြစ်​ပြီး မည်သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သနည်း”​ဟု မိမိ​ထံ​လျှောက်ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် တပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက်“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။