YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 11:7-11

ရှင်မဿဲ 11:7-11 Judson Bible (JBMLE)

ထို​သူ​တို့​သည် သွား​ကြ​သည်​နောက် ယေ​ရှု​သည် ယော​ဟန်​ကို​အ​ကြောင်း​ပြု၍ ပ​ရိ​သတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ နူး​ညံ့​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို​သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို ဆို​လို​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။

ရှင်မဿဲ 11:7-11 Common Language Bible (BCL)

ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။- ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။- ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။- ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။- လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။

ရှင်မဿဲ 11:7-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​တို့​ပြန်သွား​ကြ​သောအခါ ယေရှု​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူပင်​ကို​လော။ သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​တို့​သည် ဘုရင့်​နန်းတော်​များ​၌​ရှိ​ကြ​၏။ ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ ‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မိန်းမ​တို့​မှ မွေးဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိဇံ​ဆရာ​ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်ယောက်မျှ မ​ပေါ်ထွန်း​ခဲ့​ဖူး​ပေ။ သို့သော် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက်​ကြီးမြတ်​၏။