YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:5-42

ရှင်မဿဲ 10:5-42 Judson Bible (JBMLE)

ထို​တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​ကို ယေ​ရှု​သည် စေ​လွှတ်​တော်​မူ၍၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​မြို့​ရွာ​ထဲ​သို့ မ​ဝင်​ကြ​နှင့်။- ဣ​သ​ရေ​လ​အ​မျိုး၊ ပျောက်​လွင့်​သော သိုး​များ​ရှိ​ရာ​သို့ အ​ရင်​သွား​ကြ​လော့။- သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။- နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။- ရွှေ၊ ငွေ၊ ကြေး​တို့​ကို ခါး​ပန်း​ထဲ၌ မ​သို​မှီး​ကြ​နှင့်။- လမ်း​ခ​ရီး​ဖို့ လွယ်​အိတ်၊ အင်္ကျီ​နှစ်​ထည်၊ ခြေ​နင်း​တောင်​ဝှေး​ကို မ​သို​မှီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် ကျွေး​မွေး​ခြင်း​ကို ခံ​ထိုက်​ပေ၏။- မည်​သည်​မြို့ မည်​သည်​ရွာ​သို့ ဝင်​လျှင်၊ ထို​မြို့​ရွာ၌ အ​ဘယ်​မည်​သော​သူ​သည် ထိုက်​တန်​သ​နည်း​ဟု မေး​မြန်း၍၊ ထို​မြို့​ရွာ​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် ထို​သူ၏​အိမ်​တွင် နေ​ကြ​လော့။- အိမ်​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု နှုတ်​ဆက်​ခြင်း​ကို ပြု​ကြ​လော့။- ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။- အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။- တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။- လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။- ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။- ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။- တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည် သ​ခင်​ထက်​မ​သာ။- တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။- ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။- မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။- စာ​ငှက်​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ သင်​တို့​အ​ဘ အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​ငှက်​တစ်​ကောင်​မျှ မြေ​သို့​မ​ကျ​ရ။- သင်​တို့​ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။- ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍ မြတ်​ကြ၏။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။ မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။ အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ​အ​ချင်း​ချင်း ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။- ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ ဖြစ်​ကြ​လိမ့်​မည်။- အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။- သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။- ပ​ရော​ဖက်၏ မျက်​နှာ​ကို​ထောက်၍၊ ပ​ရော​ဖက်​ကို လက်​ခံ​သော​သူ​သည် ပ​ရော​ဖက်၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့၊ ဖြောင့်​မတ်​သော​သူ၏ မျက်​နှာ​ကို​ထောက်၍၊ ဖြောင့်​မတ်​သော​သူ​ကို​လက်​ခံ​သော​သူ​သည် ဖြောင့်​မတ်​သော​သူ၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့။- အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။

ရှင်မဿဲ 10:5-42 Common Language Bible (BCL)

တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊- သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊- သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။- မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။- ခါး​ပန်း​တွင်​ရွှေ၊ ငွေ၊ ပိုက်​ဆံ​တို့​ကို​မ​ဆောင်​ကြ​နှင့်။- အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။ ``မည်​သည့်​မြို့​ရွာ​သို့​မ​ဆို​သင်​တို့​ဝင်​သော​အ​ခါ သင်​တို့​အား​ကြို​ဆို​လက်​ခံ​မည့်​သူ​ကို​ရှာ​ကြ​လော့။ ထို​မြို့​ရွာ​မှ​ထွက်​ခွာ​၍​မ​သွား​မ​ချင်း​ထို​သူ​၏ ထံ​တွင်​တည်း​ခို​ကြ​လော့။- အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။- ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။- သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။ ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။- သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။- သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။- ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။- သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။ ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။- သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။ ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။- ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။ ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။- အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။- ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။- စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။- သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။- သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။ ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။- သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။ ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။- သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။- လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။- မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။- ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။- မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။ ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။- ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''

ရှင်မဿဲ 10:5-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား“လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။ အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။ သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။ နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။ သင်​တို့​၏​ခါးပန်း​တွင် ရွှေ၊ ငွေ၊ ကြေး​ဒင်္ဂါး​တို့​ကို မ​ထည့်​သွား​ကြ​နှင့်။ လမ်း​ခရီး​အတွက် လွယ်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​နှင့် တောင်ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် မိမိ​စားစရာ​ကို​ရ​ထိုက်​၏။ မည်သည့်​မြို့​ရွာ​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​မြို့ရွာ​၌ မည်သူ​သည် ထိုက်တန်​သော​သူ​ဖြစ်​သည်​ကို ရှာဖွေ​စုံစမ်း​ပြီး ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​သူ​၏​အိမ်​၌ တည်းခို​ကြ​လော့။ ထို​အိမ်​သို့​ဝင်​သောအခါ နှုတ်ဆက်​ကြ​လော့။ ထို​အိမ်​သည် ထိုက်တန်​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ၎င်း​အပေါ်သို့​သက်ရောက်​ပါစေ။ မ​ထိုက်တန်​လျှင်​မူကား သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်လာ​ပါစေ။ မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။ နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။ လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။ သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။ သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။ တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။ တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။ ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။ ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။ စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။ သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။ သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။ မြေကြီး​ပေါ်သို့ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူဆောင်​လာ​ရန် ငါ​လာ​၏။ အကြောင်းမူကား သား​ကို သူ​၏​အဖ​နှင့်​လည်းကောင်း၊ သမီး​ကို သူ​၏​အမိ​နှင့်​လည်းကောင်း၊ ချွေးမ​ကို သူ​၏​ယောက္ခမ​နှင့်​လည်းကောင်း စိတ်ဝမ်း​ကွဲပြား​စေရန် ငါ​လာ​၏။ လူ​တစ်​ဦး​၏​ရန်သူ​တို့​မှာ​လည်း သူ​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​လိမ့်မည်။ ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ မိမိ​အသက်​ကို​တွေ့ရှိ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို အဆုံးရှုံး​ခံ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။ သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ ပရောဖက်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ပရောဖက်​ကို လက်ခံ​သော​သူ​သည် ပရောဖက်​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဖြောင့်မတ်​သော​သူ​ကို လက်ခံ​သော​သူ​သည်​လည်း ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တပည့်​တော်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အား ရေအေး​တစ်​ခွက်​မျှပင် တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။