YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 1:1-17

ရှင်မဿဲ 1:1-17 Judson Bible (JBMLE)

အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊- အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။- ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။- အာ​ရံ​သား အ​မိ​န​ဒပ်။ အ​မိ​န​ဒပ်​သား နာ​ရှုန်။ နာ​ရှုန်​သား စာ​လ​မုန်။- စာ​လ​မုန်​သည် မိ​မိ​ခင်​ပွန်း​ရာ​ခပ်​တွင် မြင်​သော​သား ဗော​ဇ။ ဗော​ဇ​သည် မိ​မိ​ခင်​ပွန်း​ရု​သ​တွင် မြင်​သော​သား ဩ​ဗက်။ ဩ​ဗက်​သား ယေ​ရှဲ။ ယေ​ရှဲ​သား ဒါ​ဝိဒ်​မင်း​ကြီး​တည်း။ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဥ​ရိ​ယ၏​ခင်​ပွန်း​ဖြစ်​ဖူး​သော မိန်း​မ​တွင် မြင်​သော​သား ရှော​လ​မုန်။- ရှော​လ​မုန်​သား ရော​ဗောင်။ ရော​ဗောင်​သား အ​ဘိ​ယ။ အ​ဘိ​ယ​သား အာ​သ။- အာ​သ​သား ယော​ရှ​ဖတ်။ ယော​ရှ​ဖတ်​သား ယ​ဟော​ရံ။ ယ​ဟော​ရံ​သား ဩ​ဇိ။ ဩ​ဇိ​သား ယော​သံ။ ယော​သံ​သား အာ​ခတ်။ အာ​ခတ်​သား ဟေ​ဇ​ကိ။- ဟေ​ဇ​ကိ​သား မ​နာ​ရှေ။ မ​နာ​ရှေ​သား အာ​မုန်။ အာ​မုန်​သား ယော​ရှိ။- ယော​ရှိ​သား ယော​ယ​ကိမ်။ ယော​ယ​ကိမ်​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​ခါ​နီး​တွင်​မြင်​သော​သား ယေ​ခေါ​နိ​မှ​စ၍ ညီ​နောင်​တစ်​စု​တည်း။ ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​နောက်၊ ယေ​ခေါ​နိ​သား ရှာ​လ​သေ​လ။ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ။- ဇေ​ရု​ဗ​ဗေ​လ​သား အ​ဗျုဒ်။ အ​ဗျုဒ်​သား ဧ​လျာ​ကိမ်။ ဧ​လျာ​ကိမ်​သား အာ​ဇော်။- အာ​ဇော်​သား ဇာ​ဒုတ်။ ဇာ​ဒုတ်​သား အာ​ခိမ်။ အာ​ခိမ်​သား ဧ​လုဒ်။- ဧ​လုဒ်​သား ဧ​လာ​ဇာ။ ဧ​လာ​ဇာ​သား မဿန်။ မဿန်​သား ယာ​ကုပ်။- ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။ ဤ​သို့​လျှင်၊ မျိုး​စဉ်​နွယ်​ဆက်​ပေါင်း​ကား၊ အာ​ဗြ​ဟံ​မှ​သည် ဒါ​ဝိဒ်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဗာ​ဗု​လုန်​မြို့​သို့ ပြောင်း​ပြီး​မှ​သည် ခ​ရစ်​တော်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက် ဖြစ်​သ​တည်း။

ရှင်မဿဲ 1:1-17 Common Language Bible (BCL)

အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။ အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။- ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။- အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။- စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။ ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။- ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။- အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။- ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။- ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။- ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။ ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။- ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။- အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။- ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။- ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။ သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။

ရှင်မဿဲ 1:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​ရ​၏။ ယာကုပ်​သည် သား​ယုဒ​နှင့်​သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။ ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။ အာရံ​သည် သား​အမိနဒပ်​ကို​ရ​၏။ အမိနဒပ်​သည် သား​နာရှုန်​ကို​ရ​၏။ နာရှုန်​သည် သား​စာလမုန်​ကို​ရ​၏။ စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။ ယေရှဲ​သည် သား​ဒါဝိဒ်​မင်းကြီး​ကို​ရ​၏။ ဒါဝိဒ်​သည် ဥရိယ​၏​မယား​အားဖြင့် သား​ရှောလမုန်​ကို​ရ​၏။ ရှောလမုန်​သည် သား​ရောဗောင်​ကို​ရ​၏။ ရောဗောင်​သည် သား​အဘိယ​ကို​ရ​၏။ အဘိယ​သည် သား​အာသ​ကို​ရ​၏။ အာသ​သည် သား​ယောရှဖတ်​ကို​ရ​၏။ ယောရှဖတ်​သည် သား​ယောရံ​ကို​ရ​၏။ ယောရံ​သည် သား​ဩဇိ​ကို​ရ​၏။ ဩဇိ​သည် သား​ယောသံ​ကို​ရ​၏။ ယောသံ​သည် သား​အာခတ်​ကို​ရ​၏။ အာခတ်​သည် သား​ဟေဇကိ​ကို​ရ​၏။ ဟေဇကိ​သည် သား​မနာရှေ​ကို​ရ​၏။ မနာရှေ​သည် သား​အာမုန်​ကို​ရ​၏။ အာမုန်​သည် သား​ယောရှိ​ကို​ရ​၏။ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​ချိန်​တွင် ယောရှိ​သည် သား​ယေခေါနိ​နှင့် သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။ ဘေဘီလုံ​သို့ ရွှေ့ပြောင်း​ခြင်း​ခံရ​ပြီးနောက် ယေခေါနိ​သည် သား​ရှာလသေလ​ကို​ရ​၏။ ရှာလသေလ​သည် သား​ဇေရုဗဗေလ​ကို​ရ​၏။ ဇေရုဗဗေလ​သည် သား​အဗျုဒ်​ကို​ရ​၏။ အဗျုဒ်​သည် သား​ဧလျာကိမ်​ကို​ရ​၏။ ဧလျာကိမ်​သည် သား​အာဇော်​ကို​ရ​၏။ အာဇော်​သည် သား​ဇာဒုတ်​ကို​ရ​၏။ ဇာဒုတ်​သည် သား​အာခိမ်​ကို​ရ​၏။ အာခိမ်​သည် သား​ဧလုဒ်​ကို​ရ​၏။ ဧလုဒ်​သည် သား​ဧလာဇာ​ကို​ရ​၏။ ဧလာဇာ​သည် သား​မဿန်​ကို​ရ​၏။ မဿန်​သည် သား​ယာကုပ်​ကို​ရ​၏။ ယာကုပ်​သည် မာရိ​၏​ခင်ပွန်း​ဖြစ်​သူ သား​ယောသပ်​ကို​ရ​၍ ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​သည် ထို​မာရိ​မှ​မွေးဖွား​တော်မူ​၏။ သို့ဖြစ်၍ ဆွေမျိုး​အစဉ်အဆက်​စုစုပေါင်း​ကား အာဗြဟံ​မှ ဒါဝိဒ်​အထိ တစ်ဆယ့်လေး​ဆက်၊ ဒါဝိဒ်​မှ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​အထိ တစ်ဆယ့်လေး​ဆက်၊ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​မှ ခရစ်တော်​အထိ တစ်ဆယ့်လေး​ဆက်​ဖြစ်​၏။