YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 1:1-17

မဿဲ 1:1-17 BCL

အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။ အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။- ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။- အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။- စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။ ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။- ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။- အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။- ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။- ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။- ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။ ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။- ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။- အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။- ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။- ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။ သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။

မဿဲ 1:1-17 အကြောင်း ဗီဒီယိုများ