YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:1-50

ရှင်လုကာ 7:1-50 Judson Bible (JBMLE)

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည် ပ​ရိသတ်​တို့​အား အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ၏။- ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊- ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊ ယု​ဒ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​သ​ဖြ​င့်၊ ကိုယ်​တော်​သည်​ကြွ၍ ထို​ကျွန်​ကို ချမ်း​သာ​ပေး​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။- ထို​သူ​တို့​သည် ယေ​ရှု​ထံ​တော်​သို့​ရောက်​လျှင်၊ ကျေး​ဇူး​တော်​ကို ခံ​မည့်​သူ​သည် ခံ​ထိုက်​သော​သူ​ဖြစ်​ပါ၏။- သူ​သည် အ​ကျွန်ုပ်​တို့​အ​မျိုး​ကို နှစ်​သက်၍ အ​ကျွန်ုပ်​တို့​အ​ဖို့ တ​ရား​ဇ​ရပ်​ကို ဆောက်​ပါ​ပြီ​ဟူ၍ ကျပ်​ကျပ်​တောင်း​ပန်​ကြ၏။- ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။- ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​တော်​မူ​လျှင် အံ့​ဩ​ခြင်း​ရှိ၍ နောက်​တော်​သို့​လိုက်​သော​သူ​များ​ကို လှည့်​ကြည့်​လျက်၊ ငါ​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး​ဟု မိန့်​တော်​မူ၏။- တပ်​မှူး​စေ​လွှတ်​သော သူ​တို့​သည် အိမ်​သို့ ပြန်​ရောက်​လျှင်၊ အ​နာ​ရာ​ဂါ​စွဲ​သော ကျွန်​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။ နက်​ဖြန်​နေ့၌ နာ​ဣ​န​မြို့​သို့ ကြွ​တော်​မူ၍၊ တ​ပည့်​တော်​များ​နှင့် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။- မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။- သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊- ကိုယ်​တော်​က​လည်း၊ အ​ချင်း​လု​လင်၊ ထ​လော့၊ သင့်​အား ငါ​အ​မိန့်​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊- သေ​သော​သူ​သည် ထိုင်၍​စ​ကား​ပြော၏၊ ကိုယ်​တော်​သည်​လည်း ထို​သူ​ကို မိ​ခင်​အား အပ်​ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။- ထို​သ​တင်း​တော်​သည် ယု​ဒ​ပြည်​မှ​စ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ ယော​ဟန်၏ တ​ပည့်​တို့​သည် ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မိ​မိ​ဆ​ရာ​အား ကြား​ပြော​ကြ၏။- ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ယေ​ရှု​ထံ​တော်​သို့​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ​မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ​ခြင်း​ငှာ၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​ပါ​ပြီ​ဟု လျှောက်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။- ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ကြား​ရ​ကြ၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။ ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို​ဆို​လို​သ​တည်း။- ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။- အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။ ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။- ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။- လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။- သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။- ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊- နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။- ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။ ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။- သူ​တို့​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကြွေး​ရှင်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို အ​ချည်း​နှီး​လွှတ်၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ယောက်​တွင် အ​ဘယ်​သူ​သည် ကြွေး​ရှင်​ကို သာ၍ ချစ်​လိမ့်​မည်​နည်း​ဟု မေး​တော်​မူ၏။- ရှိ​မုန်​က​လည်း၊ သာ၍ ကျေး​ဇူး​ကို​ခံ​ရ​သော​သူ​သည် သာ၍​ချစ်​လိမ့်​မည် အ​ကျွန်ုပ်​ထင်​ပါ၏​ဟု လျှောက်​လျှင်၊ ယေ​ရှု​က၊ သင်​ထင်​သည်​အ​တိုင်း မှန်​ပေ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊- ထို​မိန်း​မ​ကို​လှည့်၍ ရှိ​မုန်​အား​လည်း၊ သင်​သည် ဤ​မိန်း​မ​ကို မြင်​သ​လော။ သင်၏​အိမ်​သို့ ငါ​ဝင်​သော် သင်​သည် ခြေ​ဆေး​ရေ​ကို​မ​ပေး။ ဤ​မိန်း​မ​မူ​ကား၊ ငါ့​ခြေ​ပေါ်​သို့ မျက်​ရည်​ကျ၍ မိ​မိ​ဆံ​ပင်​နှင့် သုတ်​လေ​ပြီ။- သင်​သည် ငါ့​ကို​မ​နမ်း၊ သူ​မူ​ကား၊ အိမ်​သို့​ဝင်​သော အ​ချိန်​မှ​စ၍ ငါ့​ခြေ​ကို နမ်း​လျက်​မ​စဲ​ဘဲ​နေ၏။- သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- စား​ပွဲ၌ လျောင်း​သော​သူ​တို့​က၊ အ​ပြစ်​ကို​လွှတ်​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု အောက်​မေ့​ကြ၏။- ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 7:1-50 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​ဤ​သို့​ဟော​ပြော သွန်​သင်​ပြီး​နောက်​က​ပေ​ရ​နောင်​မြို့​သို့​ကြွ တော်​မူ​၏။- ထို​မြို့​တွင်​တာ​ဝန်​ကျ​သော​တပ်​ခွဲ​မှူး​တစ်​ယောက် ၌​အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။ တပ်​ခွဲ​မှူး​သည်​ထို အ​စေ​ခံ​ကို​အ​လွန်​ချစ်​မြတ်​နိုး​၏။ သူ​သည် ဖျား​နာ​လျက်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​၍​နေ​၏။- တပ်​ခွဲ​မှူး​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​တော်​ကို ကြား​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင် များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ပြီး​လျှင် ကိုယ် တော်​ကြွ​၍​မိ​မိ​အ​စေ​ခံ​အား​ကျန်း​မာ​စေ​ရန် လျှောက်​စေ​၏။- သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​သော​အ​ခါ​ခေါင်း​ဆောင် က ``ထို​တပ်​ခွဲ​မှူး​သည်​အ​ရှင်​၏​ကျေး​ဇူး​ပြု​ခြင်း ကို​ခံ​ထိုက်​သူ​ဖြစ်​ပါ​၏။- အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ​ကို​ချစ်​သော​ကြောင့် တ​ရား​ဇ​ရပ်​တစ်​ဆောင်​ကို​ဆောက်​လုပ်​ပေး​သူ ဖြစ်​ပါ​၏'' ဟု​လေး​နက်​စွာ​ထောက်​ခံ​လျှောက် ထား​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော် မူ​၍ တပ်​ခွဲ​မှူး​၏​အိမ်​နှင့်​မ​လှမ်း​မ​ကမ်း​သို့​ရောက် တော်​မူ​၏။ ထို​အ​ခါ​တပ်​ခွဲ​မှူး​သည်​မိတ်​ဆွေ​များ ကို​ကိုယ်​တော်​၏​ထံ​သို့​စေ​လွှတ်​ကာ ``အ​ရှင်၊ ဒုက္ခ ရှာ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန် သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ ထို့​အ​တူ​အ​ကျွန်ုပ် သည်​အ​ရှင်​၏​အ​ထံ​တော်​သို့​လာ​ထိုက်​သူ​မ​ဟုတ် ဟု​ယူ​ဆ​ပါ​၏။- အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။- အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။ ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။ တပ်​ခွဲ​မှူး​စေ​လွှတ်​လိုက်​သော​သူ​များ​သည်​အိမ် သို့​ပြန်​ရောက်​ကြ​သော​အ​ခါ​ထို​အ​စေ​ခံ​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို​တွေ့​ကြ​၏။ ထို​နောက်​ကိုယ်​တော်​သည်​နာ​ဣ​န​မြို့​သို့​ကြွ​တော် မူ​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​လူ​ပ​ရိ​သတ် ကြီး​သည်​လိုက်​ပါ​လာ​ကြ​၏။- မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။- ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင်​သော အ​ခါ​သ​နား​တော်​မူ​သ​ဖြင့် ``မ​ငို​နှင့်'' ဟု သူ့​အား​မိန့်​တော်​မူ​၏။- ထို့​နောက်​အ​နီး​သို့​ကြွ​တော်​မူ​ပြီး​လျှင် အ​လောင်း စင်​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ ထို​အ​ခါ အ​လောင်း​စင်​ထမ်း​သူ​တို့​သည်​ရပ်​တန့်​ကြ​၏။ ကိုယ် တော်​က ``အ​ချင်း​လူ​ငယ်၊ ထ​လော့၊ သင့်​အား​ငါ အ​မိန့်​ပေး​၏'' ဟု​မိန့်​တော်​မူ​ရာ၊- သူ​သေ​သည်​ထိုင်​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။ ထို​နောက်​ကိုယ်​တော်​သည်​သူ့​ကို​မိ​ခင်​အား​အပ် ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။ ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​နှင့်​ပတ်​ဝန်း​ကျင်​တွင်​ပျံ့​နှံ့​သွား​တော့ ၏။ ယော​ဟန်​အား​တ​ပည့်​များ​က​ဤ​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​တို့​ကို​ပြော​ကြား​ကြ​၏။ ထို အ​ခါ​သူ​သည်​တ​ပည့်​နှစ်​ယောက်​ကို​ခေါ်​ပြီး လျှင်​သ​ခင်​ယေ​ရှု​ထံ​သို့​စေ​လွှတ်​လျက်၊- ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ်​အ​ခြား ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည်​လော'' ဟု မေး​လျှောက်​စေ​၏။ ထို​သူ​နှစ်​ယောက်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ ကြ​ပြီး​နောက် ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ မည်​ဟု​ဆို​သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ် အ​ခြား​ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည် လော။ ဤ​သို့​မေး​လျှောက်​ရန်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် က​အ​ကျွန်ုပ်​တို့​ကို​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။- ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။- ငါ့​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​သည်​မင်္ဂ လာ​ရှိ​၏'' ဟု​ယော​ဟန်​၏​တ​ပည့်​များ​အား ဖြေ​ကြား​တော်​မူ​၏။ ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။- ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။- ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။- ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။- အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​ကြား​ကြ​၏။ ထို​သူ​တို့​အ​နက်​အ​ထူး​သ​ဖြင့် အ​ခွန်​ခံ​သူ​များ​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန် သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​၍ ယော​ဟန် ထံ​မှ​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ခဲ့​သူ​များ​ဖြစ် ကြ​၏။- သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။ ကိုယ်​တော်​က ``ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ ဥ​ပ​မာ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည်​အ​ဘယ် သူ​များ​နှင့်​တူ​ကြ​သ​နည်း။- သူ​တို့​ကား​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် `ငါ​တို့ သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း​သင်​တို့​သည် မ​က​မ​ခုန်။ ငါ​တို့​ငို​ချင်း​ကို​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​မ​ကြွေး' ဟု​အ​ချင်း​ချင်း အော်​ဟစ်​ပြော​ဆို​သော​က​လေး​သူ​ငယ်​များ နှင့်​တူ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။- လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​သင်​တို့​က `ကြည့်​လော့၊' ဤ​သူ​သည်​စား ကြူး​သူ​ဖြစ်​သည်။ အ​ခွန်​ခံ​သူ​များ​နှင့်​အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​မိတ်​ဖွဲ့​သူ​ဖြစ်​သည်' ဟု ဆို​ကြ​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ရွှေ​ဉာဏ်​တော်​ကို လက်​ခံ​သူ​အ​ပေါင်း​တို့​က ထို​ရွှေ​ဉာဏ်​တော် သည်​မှန်​ကန်​ကြောင်း​ကို​ပြ​သ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။- ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။- သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။- ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။- သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။- သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။- သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။- ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။

ရှင်လုကာ 7:1-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ဤ​တရား​စကား​အားလုံး​ကို လူ​တို့​အား​ဟောကြား​ပြီးနောက် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​၏။ ထိုစဉ် တပ်မှူး​တစ်​ယောက်​၏​အလွန်​အားထား​ရ​သော အစေအပါး​တစ်​ဦး​သည် နာမကျန်း​ဖြစ်​ပြီး သေအံ့ဆဲဆဲ​ဖြစ်​နေ​၏။ ထို​တပ်မှူး​သည် ယေရှု​၏​သတင်း​ကို​ကြား​သောအခါ ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​ကို ကိုယ်တော်​ထံသို့​စေလွှတ်​ကာ ကြွလာ​၍ သူ့​အစေအပါး​ကို ကျန်းမာ​စေ​တော်မူ​မည့်​အကြောင်း လျှောက်​စေ​၏။ သူ​တို့​သည် ယေရှု​ထံသို့​ရောက်လာ​၍ “သူ့​အတွက် ထိုသို့​ကိုယ်တော်​ပြု​ပေး​ခြင်း​ကို သူ​ခံထိုက်​ပါ​သည်။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​တို့​လူမျိုး​ကို​ချစ်​၍ အကျွန်ုပ်​တို့​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်တော်​ကို အလေးအနက်​တောင်းပန်​ကြ​၏။ ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ ထို့ကြောင့် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း ကိုယ်တော်​ထံသို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်ယူ​ပါ​သည်။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။ ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်​အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​စေ​၏။ ယေရှု​သည် ထို​စကား​တို့​ကို​ကြား​လျှင် တပ်မှူး​ကို​အံ့သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်ကြည့်​ကာ“သင်​တို့​အား ငါ​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ကို အစ္စရေး​လူမျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်မူ​၏။ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သောအခါ ထို​အစေအပါး​ကျန်းမာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။ နောက်တစ်နေ့​တွင် ကိုယ်တော်​သည် နာဣန​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​ရာ တပည့်​တော်​တို့​မှစ၍ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏။ မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။ သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“မ​ငို​နှင့်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ချဉ်းကပ်​လျက် အလောင်းစင်​ကို တို့ထိ​တော်မူ​ရာ အလောင်းစင်​ထမ်း​သော​သူ​တို့​သည် ရပ်တန့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“အချင်း​လူငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်မူ​ရာ သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။ လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။ ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍ သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။ သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။ ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။ ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား“သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။ ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။ သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ တင့်တယ်​သော​အဝတ်​များ​ဝတ်ဆင်​လျက် သောက်စား​ပျော်ပါး​နေ​သော​သူ​တို့​သည် နန်းတော်​များ​၌​ရှိ​ကြ​၏။ ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ ‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ သင်​တို့​အား ငါ​ဆို​မည်။ မိန်းမ​တို့​မှ​မွေးဖွား​လာ​သော​သူ​တို့​တွင် ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက် ကြီးမြတ်​၏။” (အခွန်​ကောက်ခံ​သူ​များ​မှစ၍ လူ​အပေါင်း​တို့​သည် ယောဟန်​၏​ဗတ္တိဇံ​ကို​ခံယူ​ခဲ့​သဖြင့် ဤ​စကား​ကို​ကြားနာ​ရ​သောအခါ ဘုရားသခင်​ဖြောင့်မတ်​ကြောင်း​ဝန်ခံ​ကြ​၏။ သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။) “ထို့ကြောင့် ဤ​ခေတ်ကာလ​လူ​တို့​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ သူ​တို့​သည် မည်သည့်​အရာ​နှင့်​တူ​ကြ​သနည်း။ သူ​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည်​မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည်​မ​ငိုကြွေး​ကြ’​ဟု တစ်ဦး​ကို​တစ်ဦး​လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​ကြ​၏။ အကြောင်းမူကား ဗတ္တိဇံ​ဆရာ​ယောဟန်​သည် ရောက်လာ​၍ အစာ​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။ လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ၊ အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည်​ဖြောင့်မတ်​ကြောင်း မိမိ​သားသမီး​ရှိသမျှ​တို့​က ဖော်ပြ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။ ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင် ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။ ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။ ထိုအခါ ယေရှု​က“ရှိမုန်၊ သင့်​ကို ငါ​ပြော​စရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။ သူ​တို့​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် ကြွေးရှင်​သည် နှစ်ဦးစလုံး​တို့​၏​အကြွေး​ကို လျှော်ပစ်​လိုက်​လေ​၏။ သို့ဖြစ်လျှင် ထို​သူ​နှစ်​ဦး​တွင် မည်သူ​သည် ကြွေးရှင်​ကို ပို၍​ချစ်​မည်နည်း”​ဟု မေး​တော်မူ​၏။ ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​ယူဆ​သည့်​အတိုင်း​မှန်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။ သင်​သည် ငါ့​ကို​မ​နမ်း။ သို့သော် သူ​သည် ဝင်လာ​သည့်​အချိန်​မှစ၍ ငါ့​ခြေ​ကို​အဆက်မပြတ်​နမ်း​လျက်​နေ​၏။ သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့သော် သူ​သည် ငါ​၏​ခြေ​ကို ဆီမွှေး​ဖြင့်​လိမ်း​ပေး​၏။ ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​အမျိုးသမီး​အား“သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား“သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်မူ​၏။