YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:43-45

ရှင်လုကာ 6:43-45 Judson Bible (JBMLE)

မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။- အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။- ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

ရှင်လုကာ 6:43-45 Common Language Bible (BCL)

``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။- ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။

ရှင်လုကာ 6:43-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။ အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။ ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။