YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:17-19

ရှင်လုကာ 6:17-19 Judson Bible (JBMLE)

ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။- ညစ်​ညူး​သော​နတ် ညှဉ်း​ဆဲ​သော​သူ​တို့​သည်​လည်း လာ၍ ချမ်း​သာ​ရ​ကြ၏။- ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

ရှင်လုကာ 6:17-19 Common Language Bible (BCL)

ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။- ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။- ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။

ရှင်လုကာ 6:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် သူ​တို့​နှင့်အတူ တောင်​ပေါ်မှ​ကြွဆင်း​လာ​၍ မြေပြန့်​အရပ်​တွင် ရပ်​တော်မူ​၏။ ထို​နေရာ​၌ တပည့်​တော်​တို့​၏​အစုအဝေး​ကြီး​မှစ၍ ယုဒ​နယ်​အရပ်ရပ်​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​မှ​လည်းကောင်း လာ​ကြ​သော လူ​အမြောက်အမြား​ရှိ​ကြ​၏။ သူ​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​ရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် ရောက်လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်ညူး​သော​နတ်​တို့​၏​ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​များ​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။ ကိုယ်တော်​ထံမှ​တန်ခိုး​တော်​ထွက်​၍ လူ​အပေါင်း​တို့​ကို​ကျန်းမာ​စေ​သောကြောင့် လူထု​ပရိသတ်​အားလုံး​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် ကြိုးစား​ကြ​၏။