YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:27-39

ရှင်လုကာ 5:27-39 Judson Bible (JBMLE)

ထို​နောက်​ကိုယ်​တော်​သည် ထွက်​ကြွ၍ လေ​ဝိ​အ​မည်​ရှိ​သော အ​ခွန်​ခံ​သူ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို​မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်​လျက် ထ၍ နောက်​တော်​သို့​လိုက်​လေ၏။- ထို​နောက်​မှ​လေ​ဝိ​သည် ကိုယ်​တော်​အ​ဖို့​အ​လို့​ငှာ မိ​မိ​အိမ်၌ ကြီး​စွာ​သော​ပွဲ​ကို​ခံ၍၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။- ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။ လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​ကို အ​စာ​ရှောင်​စေ​နိုင်​သ​လော။- မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် အ​ထည်​သစ်​သည် ဆွဲ​ဆုတ်​တတ်၏။ ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​နှင့် မ​သင့်​မ​တင့်​တတ်။- ၎င်း​နည်း၊ ဟောင်း​သော​သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည်​ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။- အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်၊ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး။- ဟောင်း​သော​စ​ပျစ်​ရည်​ကို သောက်​ပြီး​သော သူ​သည်​လည်း အ​သစ်​သော​စ​ပျစ်​ရည်​ကို ချက်​ချင်း အ​လို​မ​ရှိ​တတ်။ ဟောင်း​သော​စ​ပျစ်​ရည် သာ၍​ကောင်း​သည်​ကို သိ၏​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 5:27-39 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။- ထို​သူ​သည်​ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး​လျှင်​ထ ၍​နောက်​တော်​သို့​လိုက်​လေ​၏။ ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။- ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။- ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။- သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။- ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။- စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​သာ ထည့်​ရာ​၏။- ထို့​အ​ပြင်​စ​ပျစ်​ရည်​ဟောင်း​ကို​သောက်​ပြီး သူ​သည်​စ​ပျစ်​ရည်​သစ်​ကို​မ​သောက်​လို။ စ​ပျစ် ရည်​ဟောင်း​က​သာ​၍​ကောင်း​သည်​ဟု​ဆို​တတ် ၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 5:27-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည် ရှိသမျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ လေဝိ​သည် မိမိ​၏​အိမ်​၌ ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​ကို​ကျင်းပ​လေ​ရာ အခွန်​ကောက်ခံ​သူ​အစုအဝေး​နှင့်​အခြား​သော​သူ​များစွာ​တို့​သည် သူ​တို့​နှင့်အတူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။ ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။ လူ​အချို့​တို့​က “ယောဟန်​၏​တပည့်​များ​သည် မကြာခဏ အစာရှောင်​၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​ကြ​သည်။ ဖာရိရှဲ​တို့​၏​တပည့်​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​သည်။ ကိုယ်တော်​၏​တပည့်​တော်​တို့​မူကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တကား”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် သူ​တို့​ကို အစာရှောင်​စေ​နိုင်​မည်လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​များ​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“မည်သူ​မျှ အဝတ်​အသစ်​မှ​ပိတ်စ​ကို​ဆုတ်ဖြဲ​၍ အဝတ်​အဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အဝတ်​အသစ်​ကို ဆုတ်ဖြဲ​ရ​သည်​သာမက ဖာ​ထား​သော​ပိတ်စ​အသစ်​သည်​လည်း အဝတ်​အဟောင်း​နှင့် လိုက်ဖက်​မည်​မ​ဟုတ်။ ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​အသစ်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။ စပျစ်​ဝိုင်​အဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စပျစ်​ဝိုင်​အဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စပျစ်​ဝိုင်​အသစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။