YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:36-50

ရှင်လုကာ 24:36-50 Judson Bible (JBMLE)

ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် တ​စ္ဆေ​ကို​မြင်​သည်​ဟု စိတ်​ထင်​နှင့် ထိတ်​လန့်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။- ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊- လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- ငါး​ကင်​တစ်​ပိုင်း​နှင့် ပျား​လ​ပို့​ကို ကပ်​ပေး​ကြ၏။- ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊- ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။- ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။- သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။- ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။ ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။

ရှင်လုကာ 24:36-50 Common Language Bible (BCL)

ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။- ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။- သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။ ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။- သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။- သူ​တို့​သည်​ငါး​ကင်​တစ်​ပိုင်း​ကို​ပေး​ကြ​၏။ ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။- ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။- နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။- သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။- ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။

ရှင်လုကာ 24:36-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​အကြောင်းအရာ​များ​ကို သူ​တို့​ပြောဆို​နေ​ကြ​စဉ် ကိုယ်တော်​သည် သူ​တို့​အလယ်​၌​ရပ်​လျက်“သင်​တို့​၌​ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်မူ​၏။ သို့သော် သူ​တို့​သည် တစ္ဆေ​ကို​မြင်​နေ​ကြ​သည်​ဟု​ထင်မှတ်​၍ ထိတ်လန့်​ကြောက်ရွံ့​ကြ​၏။ ကိုယ်တော်​က​လည်း“အဘယ်ကြောင့်​တုန်လှုပ်​ချောက်ချား​ကြ​သနည်း။ အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ သံသယ​ဖြစ်​ကြ​သနည်း။ ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့ထိ​စမ်းသပ်​၍ ကြည့်ရှု​ကြ​လော့။ အကြောင်းမူကား တစ္ဆေ​၌ အရိုး​၊ အသား​မ​ရှိ။ ငါ​၌​မူကား သင်​တို့​မြင်​ရ​သည့်​အတိုင်း အရိုး​၊ အသား​ရှိ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် မိမိ​၏​လက်​တော်​နှင့်​ခြေ​တော်​တို့​ကို သူ​တို့​အား ပြ​တော်မူ​၏။ သူ​တို့​သည် ဝမ်းမြောက်​သဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့ဩ​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“ဤ​နေရာ​တွင် စားစရာ​တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ငါး​ကင်​တစ်​ပိုင်း​ကို ကိုယ်တော်​အား ပေး​ကြ​ရာ ကိုယ်တော်​သည်​ယူ​၍ သူ​တို့​ရှေ့​တွင် သုံးဆောင်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကျမ်းစာ​ကို​နားလည်​ကြ​စေရန် သူ​တို့​၏​အသိစိတ်​ကို​ဖွင့်​ပေး​တော်မူ​ပြီးလျှင် သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကျမ်းစာ​၌​ရေး​ထား​သည်​ကား ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်။ ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။ သင်​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ငါ​သည် ငါ့​ခမည်းတော်​၏​ကတိ​တော်​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ သို့သော် သင်​တို့​သည် အထက်​ကောင်းကင်​မှ​တန်ခိုး​ဖြင့် လွှမ်းခြုံ​ခြင်း​ခံရ​သည်​အထိ ဂျေရုဆလင်​မြို့​၌ နေ​ကြ​ဦး​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။