ရှင်လုကာ 24:13-36
ရှင်လုကာ 24:13-36 Judson Bible (JBMLE)
ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊- ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။- ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊- သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။- ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊- အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊- ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။- ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊- ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။- စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊- သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။- တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသောသူတို့သည် အပေါင်းအဖော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။- စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊- ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သော အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ ပြန်ကြားကြ၏။ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။
ရှင်လုကာ 24:13-36 Common Language Bible (BCL)
ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။- ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။- ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။- သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။- ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။- သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။ ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။- ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။- ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။- ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။- သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။- ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။ ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊- မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။- ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။ ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။- သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။- စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။- ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။- သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။- စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။ ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။ ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 24:13-36 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။ ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။ သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။ ကိုယ်တော်ကလည်း“သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။ ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။ ကိုယ်တော်ကလည်း“မည်သည့်အရာများနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။ ထိုအရှင်သည် အစ္စရေးလူမျိုးကို ရွေးနုတ်ကယ်တင်မည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့်ထားကြ၏။ ထိုမျှမက ဤအမှုအရာများဖြစ်ပျက်ခဲ့ပြီးနောက် ယခုသုံးရက်မြောက်ဖြစ်သောအခါ ငါတို့ထဲမှ အမျိုးသမီးအချို့တို့သည် ငါတို့ကိုအံ့ဩငေးမောစေကြ၏။ သူတို့သည် နံနက်စောစောသင်္ချိုင်းသို့သွားကြရာ ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။ ငါတို့ထဲမှ လူအချို့တို့သည် သင်္ချိုင်းသို့သွားကြရာ အမျိုးသမီးများပြောခဲ့သည့်အတိုင်းဖြစ်ပြီး ထိုအရှင်ကိုမတွေ့ခဲ့ကြပါ”ဟု ဆိုကြ၏။ ထိုအခါ ကိုယ်တော်က“အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှတို့ကိုယုံကြည်ရန် စိတ်နှလုံးထိုင်းမှိုင်းသောသူတို့၊ ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။ သူတို့သွားနေသည့်ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ရှိသဖြင့် သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။ သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။ ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။ သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။ ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။ ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။ ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက်“သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။