YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:13-35

ရှင်လုကာ 24:13-35 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ခ​ရီး​လေး​တိုင်​ကွာ​သော ဧ​မောက်​အ​မည်​ရှိ​သော​ရွာ​သို့ ထို​နေ့၌ သွား​ကြ​စဉ်​တွင်၊- ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။- ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။- ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။- ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ငါ​တို့​မင်း​များ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ၍ လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ကြ​ပြီ။- ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​အံ့​သော​သူ ဖြစ်​သည်​ဟု ငါ​တို့​သည် အ​ထက်​က​မျှော်​လင့်​ကြ​ပြီ။ ထို​မျှ​မ​က ဤ​အ​ကြောင်း​အ​ရာ​ဖြစ်၍ ယ​ခု​သုံး​ရက်​ရှိ​ပြီ။- ငါ​တို့၏​အ​ပေါင်း​အ​ဖော် မိန်း​မ​အ​ချို့​တို့​သည်​လည်း သင်္ချိုင်း​တော်​သို့ စော​စော​သွား၍၊- အ​လောင်း​တော်​ကို မ​တွေ့​လျှင်၊ သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​သည်​ဟု ပြော​သော ကောင်း​ကင်​တ​မန် ထင်​ရှား​ရာ ရူ​ပါ​ရုံ​ကို မိ​မိ​တို့​မြင်​ကြောင်း​ကို ပြန်​လာ၍ ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- ထို​အ​ခါ ငါ​တို့​တွင် အ​ချို့​သော​သူ​တို့​သည် သင်္ချိုင်း​တော်​သို့​သွား၍ မိန်း​မ​တို့​ပြော​ဆို​သည်​အ​တိုင်း တွေ့​သော်​လည်း၊ ကိုယ်​တော်​ကို မ​မြင်​ရ​ဟု ပြော​ဆို​ကြ၏။ ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊- ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။- ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊- ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။- စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။ ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ချက်​ချင်း​ထ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပြီး​မှ၊ တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​အ​တူ စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။- စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊- ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။

ရှင်လုကာ 24:13-35 Common Language Bible (BCL)

ထို​နေ့​၌​ပင်​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့​သွား​ကြ​၏။ ထို​ရွာ သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခု​နစ်​မိုင်​ခန့်​ဝေး​၏။- ထို​သူ​နှစ်​ယောက်​တို့​သည်​ဖြစ်​ပျက်​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​ပြော​ဆို လျက်​လာ​ကြ​၏။- ယင်း​သို့​ပြော​ဆို​ဆွေး​နွေး​နေ​ကြ​စဉ်​သ​ခင် ယေ​ရှု​ကိုယ်​တော်​တိုင်​သူ​တို့​ထံ​သို့​ချဉ်း​ကပ် ၍​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။- သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ခု ကြောင့်​ကိုယ်​တော်​မှန်း​မ​သိ​ကြ။- ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​မျက်​နှာ​ညှိုး​ငယ်​စွာ​ဖြင့် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​၏။- သူ​တို့​အ​နက်​က​လော​ဖ​ဆို​သူ​က ``ယေ​ရု​ရှ​လင် မြို့​သို့​လာ​ရောက်​သော​ဧည့်​သည်​များ​အ​နက်​သင် တစ်​ဦး​တည်း​သာ​လျှင် ဤ​ရက်​များ​အ​တော​အ​တွင်း ၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ များ​အ​ကြောင်း​ကို​မ​သိ​ဘဲ​နေ​ပါ​သ​လော'' ဟု ဆို​၏။ ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် သက်​ဆိုင်​သော​အ​မှု​အ​ရာ​များ​ပင်​ဖြစ်​ပါ​၏။ ထို​သူ​သည်​ဘု​ရား​သ​ခင်​နှင့်​လူ​အ​ပေါင်း တို့​၏​ရှေ့​တွင်​လက်​သတ္တိ၊ နှုတ်​သတ္တိ​နှင့်​ပြည့်​စုံ သော​ပ​ရော​ဖက်​ဖြစ်​ပါ​၏။- ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​ကြီး အ​ကဲ​များ​သည်​သူ့​အား​သေ​ဒဏ်​စီ​ရင်​ရန် ပိ​လတ်​မင်း​၏​လက်​သို့​အပ်​နှံ​ခဲ့​ကြ​၏။ လက် ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ခဲ့​ကြ​ပါ​၏။- ထို​အ​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​ကို​လွတ်​မြောက် စေ​တော်​မူ​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့် ခဲ့​ကြ​ပါ​၏။ အ​ဆို​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် ခဲ့​သည်​မှာ​ယ​ခု​သုံး​ရက်​ရှိ​ပါ​ပြီ။- ငါ​တို့​၏​အ​ပေါင်း​အဖော်​များ​ဖြစ်​သော​အ​မျိုး သ​မီး​အ​ချို့​တို့​သည်​နံ​နက်​စော​စော​သင်္ချိုင်း တော်​သို့​သွား​ခဲ့​ကြ​၏။- သူ​တို့​သည်​အ​လောင်း​တော်​ကို​မ​တွေ့​ရ​ကြ​ပါ။ ကောင်း​ကင်​တ​မန်​များ​ကို​ရူ​ပါ​ရုံ​တွင်​မြင်​ရ ကြ​သည်​ဟု​ငါ​တို့​အား​ပြော​ကြား​ကြ​ပါ​၏။ ကောင်း​ကင်​တ​မန်​များ​က​သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​ပြော ကြ​သည်​ဟု​လည်း​ဆို​ကြ​၏။ သို့​ဖြစ်​၍​ငါ တို့​သည်​မိန်း​မော​တွေ​ဝေ​သွား​ကြ​ပါ​၏။- ငါ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည်​လည်း​သင်္ချိုင်း တော်​သို့​သွား​ကြ​ရာ​အ​မျိုး​သ​မီး​များ​ဖော် ပြ​ခဲ့​သည်​အ​တိုင်း​ပင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ကို​မူ​ကား​မ​တွေ့​မ​မြင်​ရ​ကြ​ပါ'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊- မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။- ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။ ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။- သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။- စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။- ထို​အ​ခါ​၌​သူ​တို့​သည်​မျက်​စိ​ပွင့်​လာ​ကြ သ​ဖြင့်​ကိုယ်​တော်​မှန်း​သိ​ကြ​လေ​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​မှောက်​မှ ကွယ်​ပျောက်​သွား​လေ​သည်။- သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။- စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။ ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။

ရှင်လုကာ 24:13-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့​၌​ပင် သူ​တို့​ထဲမှ​နှစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ခုနစ်​မိုင်​ခန့်​ဝေး​သည့် ဧမောက်​ဟု​ခေါ်​သော​ရွာ​သို့ သွား​ကြ​၏။ သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​အလုံးစုံ​တို့​ကို အချင်းချင်း​ပြောဆို​နေ​ကြ​၏။ ထိုသို့​ပြောဆို​လျက်​ဆွေးနွေး​နေ​ကြ​စဉ် ယေရှု​ကိုယ်တော်​တိုင်​ချဉ်းကပ်​လာ​၍ သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ သို့သော် သူ​တို့​၏​မျက်စိ​သည် ကာဆီး​ထား​ခြင်း​ခံရ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​မ​မှတ်မိ​ကြ​ချေ။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လမ်းသွား​ရင်း မည်သည့်​အကြောင်းအရာ​များ​ကို အချင်းချင်း​ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​သည် မျက်နှာ​ညှိုးငယ်​လျက်​ရပ်​နေ​ကြ​၏။ ထို့နောက် ကလောဖ​အမည်​ရှိ​သူ​က “သင်​သည်​ဂျေရုဆလင်​မြို့​၌ ဧည့်သည်​အဖြစ်​နေထိုင်​လျက်​ပင် ဤ​ရက်​များ​အတွင်း ထို​မြို့​၌​ဖြစ်ပျက်​ခဲ့​သော​အရာ​များ​ကို သင်​တစ်ဦးတည်း​သာ​မ​သိ​ဘဲ​နေ​သလော”​ဟု ဆို​၏။ ကိုယ်တော်​က​လည်း“မည်သည့်​အရာ​များ​နည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​နှင့်​ပတ်သက်​သော​အရာ​များ​ဖြစ်​၏။ သူ​သည် ဘုရားသခင်​ရှေ့၊ လူ​အပေါင်း​တို့​ရှေ့တွင် လုပ်ဆောင်​မှု​နှင့်​ပြောဆို​မှု​တို့​၌ အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ပရောဖက်​ဖြစ်​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ငါ​တို့​ကို​အုပ်ချုပ်​သူ​များ​သည် သူ့​ကို​သေဒဏ်​စီရင်​ရန်​အပ်နှံ​၍ လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ခဲ့​ကြ​၏။ ထို​အရှင်​သည် အစ္စရေး​လူမျိုး​ကို ရွေးနုတ်​ကယ်တင်​မည့်​အရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်လင့်​ထား​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​များ​ဖြစ်ပျက်​ခဲ့​ပြီးနောက် ယခု​သုံး​ရက်​မြောက်​ဖြစ်​သောအခါ ငါ​တို့​ထဲမှ အမျိုးသမီး​အချို့​တို့​သည် ငါ​တို့​ကို​အံ့ဩ​ငေးမော​စေ​ကြ​၏။ သူ​တို့​သည် နံနက်​စောစော​သင်္ချိုင်း​သို့​သွား​ကြ​ရာ ထို​အရှင်​၏​အလောင်း​ကို​မ​တွေ့​ခဲ့​ကြ​ပေ။ သူ​တို့​သည်​ပြန်လာ​၍ ထို​အရှင်​အသက်ရှင်​လျက်​ရှိ​ကြောင်း​မြွက်ဆို​သည့်​ကောင်းကင်တမန်​များ​ကို ဗျာဒိတ်​ရူပါရုံ​၌​တွေ့မြင်​ရ​ကြောင်း ပြောပြ​ကြ​၏။ ငါ​တို့​ထဲမှ လူ​အချို့​တို့​သည် သင်္ချိုင်း​သို့​သွား​ကြ​ရာ အမျိုးသမီး​များ​ပြော​ခဲ့​သည့်​အတိုင်း​ဖြစ်​ပြီး ထို​အရှင်​ကို​မ​တွေ့​ခဲ့​ကြ​ပါ”​ဟု ဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​က“အို မိုက်မဲ​၍ ပရောဖက်​များ​ဟောပြော​ခဲ့​သမျှ​တို့​ကို​ယုံကြည်​ရန် စိတ်နှလုံး​ထိုင်းမှိုင်း​သော​သူ​တို့၊ ခရစ်တော်​သည် ဤသို့​ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ မိမိ​၏​ဘုန်း​အသရေ​ထဲသို့​ဝင်စား​ရ​မည်​မ​ဟုတ်​လော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။ သူ​တို့​သွား​နေ​သည့်​ရွာ​အနီး​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ရှေ့​သို့​ခရီး​ဆက်​မည့်​ဟန်​ရှိ​သဖြင့် သူ​တို့​က “မိုးချုပ်​ခါနီး​၍ တစ်နေ့တာ​လည်း ကုန်​လုနီး​ပြီ​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​နှင့်အတူ​တည်းခို​ပါ”​ဟု ဆို​လျက် ကိုယ်တော်​ကို​မရအရ​ဖိတ်ခေါ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည်​သူ​တို့​နှင့်အတူ​တည်းခို​ရန် လိုက်​သွား​တော်မူ​၏။ သူ​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​သောအခါ ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား ပေး​တော်မူ​၏။ ထိုစဉ် သူ​တို့​၏​မျက်စိ​သည်​ပွင့်​လာ​၍ ကိုယ်တော်​ဖြစ်​ကြောင်း​သိ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​၏​မြင်ကွင်း​မှ ပျောက်ကွယ်​သွား​လေ​၏။ သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စကား​ပြော​တော်မူ​သောအခါ​၌​ဖြစ်စေ၊ ငါ​တို့​အား ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်မူ​သောအခါ​၌​ဖြစ်စေ ငါ​တို့​၏​စိတ်နှလုံး​ထဲတွင် မီး​တောက်လောင်​သကဲ့သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သူ​တို့​သည် ချက်ချင်း​ထ​၍ ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ရာ တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​နှင့် သူ​တို့​၏​အပေါင်းအဖော်​များ စုဝေး​နေ​ကြ​သည်​ကို​တွေ့​ရ​ကြ​၏။ ထို​သူ​အပေါင်း​တို့​က “သခင်​ဘုရား​သည် အမှန်ပင်​ထမြောက်​တော်မူ​၍ ရှိမုန်​ထံ​ထင်ရှား​ပြ​တော်မူ​ပြီ”​ဟု ပြောဆို​နေ​ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​က​လည်း လမ်း​၌​ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​များ​နှင့် မုန့်​ကို​ဖဲ့​တော်မူ​စဉ် ကိုယ်တော်​ဖြစ်ကြောင်း​သိ​ခဲ့​ရ​ပုံ​တို့​ကို ပြောပြ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။