YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:1-25

ရှင်လုကာ 23:1-25 Judson Bible (JBMLE)

ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊- ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။- ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊- ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။ ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။- ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။- ထို​နေ့၌ ပိ​လတ်​မင်း​နှင့် ဟေ​ရုဒ်​မင်း​တို့​သည် အ​ချင်း​ချင်း​အ​ဆွေ​ဖွဲ့​ကြ၏။ အ​ထက်​က ရန်​ဘက်​ဖြစ်​ကြ​သ​တည်း။ တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊ ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။- ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။- ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။ လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။- ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။- သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊- လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။- ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊- ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။

ရှင်လုကာ 23:1-25 Common Language Bible (BCL)

တ​ရား​လွှတ်​တော်​တစ်​ဖွဲ့​လုံး​သည်​ထ​၍​ကိုယ်​တော် အား ပိ​လတ်​မင်း​ထံ​သို့​ခေါ်​ဆောင်​သွား​ကြ​၏။- ထို​နောက်​သူ​တို့​က ``ဤ​သူ​သည်​ပြည်​သူ​တို့​အား လမ်း​လွဲ​စေ​ရန် ကဲ​သာ​ဘု​ရင်​အား​အ​ခွန်​တော် မ​ပေး​မ​ဆက်​နှင့်​ဟု​တား​မြစ်​သည်​ကို​လည်း ကောင်း၊ မိ​မိ​ကိုယ်​ကို​မေ​ရှိ​ယ​တည်း​ဟူ​သော ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​သည်​ကို လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​၏'' ဟု ဆို​၍​ကိုယ်​တော်​ကို​စွပ်​စွဲ​ကြ​၏။ ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။ သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။ ပိ​လတ်​မင်း​သည်​ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို ကြား​လျှင် ``ဤ​သူ​သည်​ဂါ​လိ​ပြည်​သား​ပေ လော'' ဟု​မေး​၏။- ဟေ​ရုဒ်​အုပ်​စိုး​သော​ဂါ​လိ​လဲ​ပြည်​သား​ဖြစ် ကြောင်း​ကို​သိ​လျှင် ကိုယ်​တော်​အား​ဟေ​ရုဒ်​မင်း ထံ​သို့​ပို့​၏။ ထို​အ​ချိန်​အ​ခါ​သည်​ဟေ​ရုဒ်​မင်း ယေ​ရု​ရှ​လင်​မြို့​မှာ​ရောက်​ရှိ​နေ​သည့်​အ​ချိန် ဖြစ်​သ​တည်း။- ဟေ​ရုဒ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​သော အ​ခါ​လွန်​စွာ​ဝမ်း​မြောက်​၏။ ကိုယ်​တော်​၏​သ​တင်း ကို​များ​စွာ​ကြား​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​အား တွေ့​မြင်​လို​သည်​မှာ​ကြာ​ပေ​ပြီ။ ကိုယ်​တော်​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ရာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​နေ​၏။- ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။- ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။- ယ​ခင်​က​ရန်​သူ​ဖြစ်​ခဲ့​ကြ​သည့်​ပိ​လတ် မင်း​နှင့်​ဟေ​ရုဒ်​မင်း​တို့​သည် ထို​နေ့​၌​ပြန်​၍ သင့်​မြတ်​သွား​ကြ​သ​တည်း။ ပိ​လတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​ယု​ဒ​အ​မျိုး​သား များ​အား​စု​ဝေး​စေ​၏။- ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။- ဟေ​ရုဒ်​မင်း​သည်​လည်း​မ​တွေ့။ ထို့​ကြောင့်​သူ့ ကို​ငါ့​ထံ​သို့​ပြန်​၍​ပို့​၏။ ဤ​သူ​သည်​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို မျှ​မ​ကူး​မ​လွန်​ခဲ့​ပေ။- သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​ဆို​၏။- (ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​၌​လူ​တို့​အ​တွက် အ​ကျဉ်း​သား​တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​ရ​မြဲ​ဖြစ်​သ​တည်း။) လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။- (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။) ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​လို​၍​လူ​တို့​အား​တစ်​ဖန် တင်​ပြ​၏။- သို့​ရာ​တွင်​လူ​တို့​သည် ``သူ့​ကို​လက်​ဝါး​ကပ်​တိုင် မှာ​တင်​၍​သတ်​ပါ၊ လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​ပြစ်​မှု​ကို ကူး​လွန်​သ​နည်း။ သူ့​အား​သေ​ဒဏ်​ပေး​ထိုက် သော​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့၊ သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​တ​တိ​ယ​အ​ကြိမ်​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။- ပိ​လတ်​မင်း​သည်​သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း စီ​ရင်​ချက်​ချ​မှတ်​လိုက်​၏။- ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု​တို့​အ​တွက် ထောင်​ကျ​သူ​အား သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လိုက်​၏။ သ​ခင်​ယေ​ရှု ကို​မူ​သူ​တို့​ပြု​လို​သည့်​အ​တိုင်း​ပြု​စေ​ရန်​အပ် လိုက်​၏။

ရှင်လုကာ 23:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တရား​လွှတ်တော်​၌​စုဝေး​သော​သူ​အပေါင်း​တို့​သည် ထ​၍ ကိုယ်တော်​ကို ပိလတ်​မင်း​ရှေ့သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု ပြန်ဖြေ​တော်မူ​၏။ ထိုအခါ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ပရိသတ်​တို့​အား “ဤ​သူ​၌ အပြစ်​တစ်စုံတစ်ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။ သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါလိလဲ​နယ်သား​ဖြစ်​သလော​ဟု​မေးမြန်း​ပြီးမှ ဟေရုဒ်​အုပ်စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သောအခါ ကိုယ်တော်​ကို ဟေရုဒ်​ထံသို့​ပို့​လိုက်​၏။ ထို​အချိန်​တွင် ဟေရုဒ်​သည်​လည်း ဂျေရုဆလင်​မြို့​၌​ရောက်ရှိ​နေ​၏။ ဟေရုဒ်​သည် ယေရှု​ကို​မြင်​လျှင် အလွန်​ဝမ်းမြောက်​လေ​၏။ အကြောင်းမူကား သူ​သည် ကိုယ်တော်​အကြောင်း​ကို​ကြားသိ​ထား​၍ ကိုယ်တော်​ကို​တွေ့မြင်​လို​သည်​မှာ အချိန်​ကြာမြင့်​ပြီ​ဖြစ်​ပြီး​ကိုယ်တော်​ပြု​သည့် နိမိတ်​လက္ခဏာ​တစ်စုံတစ်ခု​ကို​မြင်​ရ​ရန်​မျှော်လင့်​နေ​၏။ သို့ဖြစ်၍ သူ​သည် ကိုယ်တော်​ကို​မေးခွန်း​များစွာ​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အရာ​ကို​မျှ ဖြေကြား​တော်​မ​မူ​ခဲ့​ချေ။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။ ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။ ဟေရုဒ်​နှင့်​ပိလတ်​မင်း​တို့​သည် ယခင်​က တစ်ဦး​နှင့်​တစ်ဦး​ရန်ဘက်​ဖြစ်​ခဲ့​သော်လည်း ထို​နေ့​တွင် မိတ်ဆွေ​ဖြစ်လာ​ကြ​၏။ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ အုပ်ချုပ်သူ​များ​နှင့် လူ​များ​ကို စုဝေး​စေ​၍ “သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။ ဟေရုဒ်​သည်​လည်း အပြစ်​မ​တွေ့​သဖြင့် သူ့​ကို ငါ​တို့​ထံသို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။ [ထိုသို့​ဆို​ခြင်း​မှာ ပိလတ်​မင်း​သည် ပွဲတော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သောကြောင့်​ဖြစ်​၏။] သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။ ဗာရဗ္ဗ​သည် မြို့​ထဲတွင်​ဖြစ်​ခဲ့​သည့် ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​ကြောင့် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ဖြစ်​၏။ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်တစ်ဖန်​မိန့်ကြား​လေ​၏။ သို့သော် သူ​တို့​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ။ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။ သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍ ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​အတွက် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ကို သူ​တို့​တောင်းဆို​သည့်​အတိုင်း လွှတ်​ပေး​ပြီး ယေရှု​ကို​မူ သူ​တို့​ဆန္ဒ​အတိုင်း​ပြု​ရန် အပ်နှံ​လိုက်​လေ​၏။