ရှင်လုကာ 23:1-12
ရှင်လုကာ 23:1-12 Judson Bible (JBMLE)
ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊- ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊- ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း၍၊- ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။- ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။- ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။- ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။- ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။
ရှင်လုကာ 23:1-12 Common Language Bible (BCL)
တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။- ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။ ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။ သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။ ပိလတ်မင်းသည်ဂါလိလဲဟူသောစကားကို ကြားလျှင် ``ဤသူသည်ဂါလိပြည်သားပေ လော'' ဟုမေး၏။- ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။- ဟေရုဒ်မင်းသည်သခင်ယေရှုကိုမြင်သော အခါလွန်စွာဝမ်းမြောက်၏။ ကိုယ်တော်၏သတင်း ကိုများစွာကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မြင်လိုသည်မှာကြာပေပြီ။ ကိုယ်တော်ပြ သည့်နိမိတ်လက္ခဏာတစ်စုံတစ်ရာကိုတွေ့ မြင်ရလိမ့်မည်ဟုမျှော်လင့်လျက်နေ၏။- ဟေရုဒ်မင်းသည်ကိုယ်တော်အားမေးခွန်းများ စွာမေးသော်လည်း ကိုယ်တော်ကဖြေကြားတော် မမူ။- ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ရှေ့သို့လာ၍ ကိုယ်တော်အားအပြင်း အထန်စွပ်စွဲပြောဆိုကြ၏။- ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။- ယခင်ကရန်သူဖြစ်ခဲ့ကြသည့်ပိလတ် မင်းနှင့်ဟေရုဒ်မင်းတို့သည် ထိုနေ့၌ပြန်၍ သင့်မြတ်သွားကြသတည်း။
ရှင်လုကာ 23:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် တရားလွှတ်တော်၌စုဝေးသောသူအပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းရှေ့သို့ခေါ်ဆောင်သွားပြီးလျှင် “ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။ ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု ပြန်ဖြေတော်မူ၏။ ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။ သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။ ပိလတ်မင်းသည် ထိုစကားကိုကြားလျှင် ဤသူသည် ဂါလိလဲနယ်သားဖြစ်သလောဟုမေးမြန်းပြီးမှ ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။ ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။ သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထ၍ ကိုယ်တော်ကိုပြင်းထန်စွာစွပ်စွဲကြ၏။ ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။ ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။