YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:39-71

ရှင်လုကာ 22:39-71 Judson Bible (JBMLE)

ထို​နောက် အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​သို့ ထွက်​ကြွ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ​ပြီး​မှ၊- တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊- အို အ​ဘ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။- ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။- ထို​သို့ ဆု​တောင်း​ပြီး​မှ၊ ယေ​ရှု​သည်​ထ၍ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​သော​အ​ခါ၊ သူ​တို့​သည် ဝမ်း​နည်း​သော​စိတ်​ရှိ​သည်​နှင့် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သင်​တို့​သည် အ​ဘယ်​ကြောင့် အိပ်​ပျော်​ကြ​သ​နည်း။ ထ​ကြ။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။- ယေ​ရှု​က​လည်း၊ ယု​ဒ သင်​သည် နမ်း​ခြင်း​ကို ပြု​လျက် လူ​သား​ကို​အပ်​သ​လော​ဟု မေး​တော်​မူ၏။- ယေ​ရှု​နှင့်​အ​တူ​ပါ​သော သူ​တို့​သည် ဖြစ်​အံ့​သော​အ​မှု​ကို မြင်​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဓား​နှင့် ခုတ်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​ပြီး​မှ၊- တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။- ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။- ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ဖမ်း​ဆီး၍ ယဇ်​ပု​ရော​ဟိတ်​မင်း၏​အိမ်​သို့ ဆောင်​သွား​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့် ဝေး​စွာ​လိုက်​လေ၏။- အိမ်​ဦး​အ​လယ်၌ မီး​မွေး​ပြီး​မှ၊ လူ​များ​တို့​သည် စု​ဝေး၍ ထိုင်​ကြ​လျှင်၊ ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ထဲ၌ ထိုင်​နေ၏။- ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။- ထို​နောက် များ​မ​ကြာ အ​ခြား​သော​သူ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ သင်​သည်​လည်း ထို​သူ​တို့​အ​ဝင်​ဖြစ်​သည်​ဟု​ဆို​သော်၊ ပေ​တ​ရု​က၊ အ​ချင်း​လူ၊ ငါ​သည် သူ​တို့ အ​ဝင်​မ​ဟုတ်​ဟု ဆို၏။- တစ်​ဖန် တစ်​နာ​ရီ​လောက်​ကြာ​ပြီး​မှ အ​ခြား​သော​သူ​က၊ အ​ကယ်​စင်​စစ် ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်၏။ ဂါ​လိ​လဲ​လူ​လည်း ဖြစ်၏​ဟု ခိုင်​မာ​စွာ​ဆို​လျှင်၊- ပေ​တ​ရု​က၊ အ​ချင်း​လူ၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု​ဆို၏။ ထို​စ​ကား​ကို​ပြော​သော ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊- ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။ ယေ​ရှု​ကို ကိုင်​ဆွဲ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု၍ ရိုက်​ပုတ်​ကြ၏။- မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​နှင့်​ပုတ်​လျက်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု​ဆို​ကြ၏။- အ​ခြား​သော​စ​ကား​များ​ဖြင့်​လည်း ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ပြော​ဆို​ကြ​သေး၏။ မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊- သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။- ငါ​မေး​လျှင်​လည်း သင်​တို့​သည် မ​ဖြေ​ဘဲ၊ ငါ့​ကို မ​လွှတ်​ဘဲ​နေ​ကြ​လိမ့်​မည်။- နောက်၌ လူ​သား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​လက်​ယာ​ဘက်၌ ထိုင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ​သော်၊- ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အ​ဘယ်​သက်​သေ လို​သေး​သ​နည်း။ သူ၏​စ​ကား​ကို ငါ​တို့​ကိုယ်​တိုင် ကြား​ရ​ပြီ​ဟု ဆို​ကြ၏။

ရှင်လုကာ 22:39-71 Common Language Bible (BCL)

ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။- ထို​အ​ရပ်​သို့​ရောက်​တော်​မူ​လျှင်​ကိုယ်​တော် က ``သင်​တို့​သည်​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊- ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။- ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။- ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။- ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။- သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။- တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။- ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။ ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။- လူ​အ​ချို့​တို့​သည်​အိမ်​တော်​ဝင်း​အ​လယ်​တွင် မီး​ဖို​၍​ထိုင်​နေ​ကြ​၏။ ပေ​တ​ရု​သည် သူ​တို့ ၏​ကြား​တွင်​ဝင်​၍​ထိုင်​၏။- ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။ ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ ထို​လူ​စု တွင်​ငါ​မ​ပါ'' ဟု​ဆို​၏။ ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။- အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။- သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။ သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။- မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။- အ​ခြား​စ​ကား​များ​ဖြင့်​လည်း​ကိုယ်​တော်​ကို စော်​ကား​ကြ​၏။ မိုး​လင်း​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား​ခေါင်း ဆောင်​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​စု​ဝေး ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​မိ​မိ​တို့​၏ တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။- သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​သ​လော။ ငါ​တို့​အား​ပြော​လော့'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က``ငါ​ပြော​လျှင်​သင်​တို့​ယုံ​ကြ​မည် မ​ဟုတ်။- သင်​တို့​အား​ငါ​မေး​လျှင်​သင်​တို့​ဖြေ​မည်​မ​ဟုတ်။ ယ​ခု​မှ​စ​၍​လူ​သား​သည်​အနန္တ​တန်​ခိုး​တော် ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​တော်​မူ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​က ``အ​ဘယ်​သက်​သေ​လို​သေး သ​နည်း။ ငါ​တို့​ကိုယ်​တိုင်​ပင်​သူ​၏​စ​ကား​ကို ကြား​ရ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။

ရှင်လုကာ 22:39-71 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည်​ထွက်ခွာ​၍ ပြုလေ့​ရှိ​သည့်​အတိုင်း သံလွင်​တောင်​ပေါ်သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အရပ်​သို့​ရောက်​တော်မူ​သောအခါ ကိုယ်တော်​က“ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက် “အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။ ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။ ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် “အဘယ်ကြောင့်​အိပ်ပျော်​နေ​ကြ​သနည်း။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ထ​၍​ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် လူ​အစုအဝေး​တို့​သည်​ရောက်လာ​ကြ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော ယုဒ​ဆို​သူ​သည် သူ​တို့​ကို​ဦးဆောင်​လာ​၍ ယေရှု​ကို​နမ်း​ရန် ချဉ်းကပ်​လေ​၏။ သို့သော် ယေရှု​က“ယုဒ၊ သင်​သည် လူ့သား​ကို အနမ်း​ဖြင့်​အပ်နှံ​မည်​လော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​၏​အနီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်လာ​မည့်​အရာ​ကို​သိမြင်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေးလျှောက်​ကြ​ပြီးလျှင် သူ​တို့​ထဲမှ​တစ်​ယောက်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထိုအခါ ယေရှု​က“ဤမျှနှင့်​ရပ်​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ထို​သူ​၏​နားရွက်​ကို လက်​တော်​နှင့်​တို့ထိ​လျက် အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။ ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။ ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်အတူ​ဗိမာန်​တော်​၌​ရှိ​စဉ် သင်​တို့​သည်ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသည်ကား သင်​တို့​၏​အချိန်​ဖြစ်​ပြီး မှောင်မိုက်​ခြင်း​၏​အခွင့်​အာဏာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​၍ ဆွဲခေါ်​သွား​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အိမ်​သို့ ခေါ်ဆောင်​လာ​ကြ​၏။ ပေတရု​မူကား မလှမ်းမကမ်း​မှ​လိုက်​သွား​လေ​၏။ သူ​တို့​သည် ခြံဝင်း​အလယ်​တွင် မီး​ဖို​၍ စုဝေး​လျက်​ထိုင်​နေ​ကြ​သဖြင့် ပေတရု​သည်​လည်း သူ​တို့​အကြား​၌​ထိုင်​လေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။ တစ်ဖန် တစ်​နာရီ​ခန့်​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​က “အမှန်စင်စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်အတူ​ရှိ​ခဲ့​သည်။ အကြောင်းမူကား သူ​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သည်”​ဟု အခိုင်အမာ​ပြောဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။ ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း“ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့် အပြင်​သို့​ထွက်သွား​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။ ယေရှု​ကို​စောင့်ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ပြောင်လှောင်​၍​ရိုက်နှက်​ကြ​ကာ မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ ထို့ပြင် အခြား​စကား​အမျိုးမျိုး​တို့​ဖြင့် ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။ မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင် “သင်​သည် ခရစ်တော်​ဟုတ်​၊ မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။ သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။ သို့သော် ယခု​မှစ၍ လူ့သား​သည် ဘုရားသခင်​၏​တန်ခိုး​တော်​လက်ယာ​ဘက်​၌ ထိုင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ငါ​တို့​ကိုယ်တိုင် သူ​၏​နှုတ်​မှ ထို​စကား​ကို​ကြား​ရ​ပြီ​ဖြစ်၍ မည်သည့်​သက်သေ​လို​သေး​သနည်း”​ဟု ဆို​ကြ​၏။