YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:14-38

ရှင်လုကာ 22:14-38 Judson Bible (JBMLE)

အ​ချိန်​ရောက်​မှ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ စား​ပွဲ၌ လျောင်း​တော်​မူ၍၊- ငါ​သည် အ​သေ​မ​ခံ​မီ ဤ​ပ​သ​ခါ​ပွဲ​ကို သင်​တို့​နှင့်​အ​တူ စား​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​လေ​ပြီ။- ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်၌ ပ​သ​ခါ​ပွဲ​မ​ပြည့်​စုံ​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ ဤ​ပွဲ​ကို တစ်​ဖန် ငါ​မ​စား​ရ​ဟု မိန့်​တော်​မူ​လျက်၊- ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။- ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။- သို့​သော်​လည်း ငါ့​ကို အပ်​နှံ​သော​သူ၏​လက်​သည် ဤ​စား​ပွဲ​ပေါ်​မှာ ငါ့​လက်​နှင့်​အ​တူ​ရှိ၏။- ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ၏။ ထို​မှ​တစ်​ပါး တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​ရှိ​သည်​ဖြစ်၍၊- ကိုယ်​တော်​က၊ လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အာ​ဏာ​ထား​သော​သူ​တို့​ကို​လည်း ကျေး​ဇူး​ရှင်​ဟူ၍ ခေါ်​ဝေါ်​ကြ၏။- သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်၊ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​သော​သူ​ကို ငယ်​သား​ကဲ့​သို့​ဖြစ်​စေ။ အုပ်​စိုး​သော​သူ​ကို​လည်း အ​စေ​ခံ​ကဲ့​သို့​ဖြစ်​စေ။- အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သ​လော။ လုပ်​ကျွေး​သော​သူ​သည် ကြီး​မြတ်​သ​လော။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ငါ​သည် သင်​တို့​တွင် လုပ်​ကျွေး​သော​သူ​ကဲ့​သို့​ဖြစ်၏။- ငါ​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​စဉ်​တွင် သင်​တို့​သည် ငါ၌​မှီ​ဝဲ​သော​သူ​ဖြစ်​ရာ၏။- ငါ့​ခ​မည်း​တော်​သည် ငါ့​အား နိုင်​ငံ​ကို ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊- သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။- တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊- သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊- သ​ခင်​ဘု​ရား​က၊ ပေ​တ​ရု၊ ငါ​ဆို​သည်​ကား၊ ယ​နေ့​တွင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​မြောက်​အောင် ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊- ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ လွယ်​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ ဓား​မ​ရှိ​သော​သူ​သည် အ​ဝတ်​ကို​ရောင်း၍ ဓား​ကို​ဝယ်​စေ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်၊ ဓား​နှစ်​စင်း​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ တန်​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:14-38 Common Language Bible (BCL)

အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။- ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။ ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။- လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​အ​နက်​အ​ဘယ် သူ​သည်​ဤ​အ​မှု​ကို​ပြု​လိမ့်​မည်​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။- ထို​အ​ခါ​ကိုယ်​တော်​က ``လော​ကီ​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ်​ကြ ၏။ အာ​ဏာ​ပိုင်​များ​သည်​လည်း​မိ​မိ​တို့​ကိုယ်​ကို ကျေး​ဇူး​ရှင်​များ​ဟု​အ​ခေါ်​ခံ​တတ်​ကြ​၏။- သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။- စား​ပွဲ​ထိုင်​သူ၊ အ​စေ​ခံ​သူ​တို့​အ​နက်​အ​ဘယ်​သူ သာ​၍​ကြီး​မြတ်​သ​နည်း၊ စား​ပွဲ​ထိုင်​သူ​မ​ဟုတ် လော။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​တွင်​အ​စေ​ခံ​သူ သ​ဖွယ်​ဖြစ်​၏။ သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။- ခ​မည်း​တော်​သည်​ငါ့​အား​အုပ်​စိုး​ခွင့်​ကို​ပေး အပ်​တော်​မူ​သည်​နည်း​တူ ငါ​သည်​လည်း​သင် တို့​အား​အုပ်​စိုး​ခွင့်​ကို​ပေး​၏။- သင်​တို့​သည်​နိုင်​ငံ​တော်​တွင်​ငါ​၏​စား​ပွဲ​၌​စား သောက်​ရ​ကြ​လိမ့်​မည်။ ထို့​အ​ပြင်​ပလ္လင်​များ ပေါ်​မှာ​ထိုင်​လျက်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ် တို့​အား​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။- သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``မ​ရှိ​ပါ'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ယ​ခု​မူ​ကား​ငွေ​အိတ်၊ လွယ်​အိတ် ရှိ​လျှင်​ယူ​ခဲ့​ကြ။ ဋ္ဌား​မ​ရှိ​လျှင်​အ​ဝတ်​ကို ရောင်း​၍​ဋ္ဌား​ကို​ဝယ်​ကြ။- သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဋ္ဌား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တော်​လောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 22:14-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တမန်တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။ ကိုယ်တော်​က“ငါ​သည် ဒုက္ခ​ဝေဒနာ​မ​ခံစား​ရ​မီ ဤ​ပသခါ​ပွဲတော်​ကို သင်​တို့​နှင့်အတူ​စား​ရန် အလွန်​အလိုရှိ​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား ပသခါ​ပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် ပြည့်စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်အောင် ဤ​ပွဲတော်​ကို ငါ​လုံးဝ​စား​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ခွက်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင်“ဤ​ခွက်​ကို​ယူ​၍ အချင်းချင်း​ဝေ​သောက်​ကြ​လော့။ သင်​တို့​အား ငါ​ဆို​သည်​ကား ယခု​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။ သို့သော် ငါ့​ကို​အပ်နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်အတူ​စားပွဲ​ပေါ်၌​ရှိ​၏။ လူ့သား​သည်​ချမှတ်​ထား​ခြင်း​ခံရ​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် ထိုသို့​ပြု​ရန်​ကြံရွယ်​နေ​သနည်း​ဟု အချင်းချင်း​မေးမြန်း​ကြ​၏။ ထို့နောက် သူ​တို့​တွင် မည်သူ့​ကို အကြီးမြတ်ဆုံး​ဖြစ်​သည်​ဟု မှတ်ယူ​ရ​မည်​ကို​လည်း အချင်းချင်း​အငြင်းပွား​ကြ​၏။ သို့သော် ကိုယ်တော်​က“လူမျိုးခြား​တို့​၏​ဘုရင်​များ​သည် ပြည်သူ​တို့​အပေါ် အစိုးတရ​ပြု​တတ်​ကြ​၏။ လူ​တို့​အပေါ်​အာဏာ​ရှိ​သော​သူ​များ​သည်​လည်း အများ​အကျိုးဆောင်​သူ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​၏။ သင်​တို့​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးမြတ်ဆုံး​ဖြစ်​သော​သူ​သည် အငယ်ဆုံး​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။ ဦးဆောင်​သော​သူ​သည် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။ စားပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်ကျွေး​ပြုစု​သော​သူ​တို့​တွင် မည်သူ​သည် ပို၍​ကြီးမြတ်​သနည်း။ စားပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့သော် ငါ​သည် သင်​တို့​အလယ်​တွင် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​၏။ စုံစမ်း​နှောင့်ယှက်​ခြင်း​များ​ကို​ငါ​ခံရ​စဉ် သင်​တို့​သည် ငါ​နှင့်အတူ​ရပ်တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​၏​ခမည်းတော်​သည် နိုင်ငံ​တော်​ကို ငါ့​အား​အပ်နှင်း​တော်မူ​သကဲ့သို့ ငါ​သည်​လည်း နိုင်ငံ​တော်​ကို သင်​တို့​အား​အပ်နှင်း​သဖြင့် သင်​တို့​သည် ငါ​၏​နိုင်ငံ​တော်​၌ ငါ​၏​စားပွဲ​တွင်​ထိုင်​လျက် စား​သောက်​ရ​ကြ​လိမ့်မည်။ ထို့ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။ ရှိမုန်၊ ရှိမုန်၊ နားထောင်​လော့။ ဂျုံ​ကို​ဆန်ခါချ​သကဲ့သို့ စာတန်​သည် သင်​တို့​ကို ဆန်ခါချ​ရန် အခွင့်​တောင်း​လေ​ပြီ။ သို့သော် သင်​၏​ယုံကြည်​ခြင်း​မ​ဆုံးရှုံး​မည့်အကြောင်း သင့်​အတွက် ငါ​ဆုတောင်း​ပြီ။ သို့ဖြစ်၍ သင်​သည် သတိတရား​ပြန်​ရ​သောအခါ သင်​၏​ညီအစ်ကို​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်၊ အကျွန်ုပ်​သည် ထောင်​ထဲသို့​ဖြစ်စေ၊ သေ​ခြင်း​အထိ​ဖြစ်စေ ကိုယ်တော်​နှင့်အတူ​လိုက်​ရန် အသင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ပေတရု၊ သင့်​အား ငါ​ဆို​မည်။ ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​မ​ပါ​ဘဲ စေလွှတ်​သောအခါ သင်​တို့​တွင် လိုအပ်​မှု​တစ်စုံတစ်ရာ​ရှိ​ခဲ့​သလော”​ဟု တပည့်​တော်​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ယခု​မူကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူသွား​စေ။ ထိုနည်းတူ လွယ်အိတ်​ကို​လည်း ယူသွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိမိ​အဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​က “သခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်တော်​က“လုံလောက်​ပြီ”​ဟု မိန့်​တော်မူ​၏။