YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:1-13

ရှင်လုကာ 22:1-13 Judson Bible (JBMLE)

ပ​သ​ခါ​အ​မည်​ရှိ​သော အ​ဇု​မ​ပွဲ​ခံ​ခါ​နီး​တွင်၊- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။ ထို​အ​ခါ စာ​တန်​သည် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​အ​ထဲ​သို့ ဝင်​သည်​ဖြစ်၍၊- ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ၊ ဗိ​မာန်​တော်​မှူး​များ​တို့​ထံ​သို့ သွား​ပြီး​လျှင်၊ ယေ​ရှု​ကို အ​ဘယ်​သို့ အပ်​ရ​မည်​နည်း​ဟူ၍ တိုင်​ပင်​လေ၏။- ထို​သူ​တို့​သည် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။- ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ဝန်​ခံ​ပြီး​မှ လူ​များ​မ​ရှိ​စဉ်​တွင် ကိုယ်​တော်​ကို အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ရ​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​နေ့ ရောက်​သော​အ​ခါ၊- ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။- သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍ သူ​ဝင်​သော​အိမ်​သို့​ဝင်​ပြီး​မှ၊- ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။- ထို​သူ​သည် ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​လျှင်၊ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။

ရှင်လုကာ 22:1-13 Common Language Bible (BCL)

ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။ ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။- ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။- သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။- ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။ တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။- ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။- အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။- ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။

ရှင်လုကာ 22:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပသခါ​ပွဲတော်​ဟု​ခေါ်​သော တဆေးမဲ့​မုန့်​ပွဲတော်​နီးကပ်​လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။ ထိုအခါ စာတန်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​တွင် အပါအဝင်​ဖြစ်​သည့် ဣရှကာရုတ်​ဟု​ခေါ်​သော ယုဒ​ထဲသို့​ဝင်​သဖြင့် သူ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​ထံသို့​သွား​၍ ကိုယ်တော်​ကို သူ​တို့​လက်​သို့ မည်ကဲ့သို့​အပ်နှံ​ရ​မည်နည်း​ဟု သူ​တို့​နှင့်အတူ​တိုင်ပင်​လေ​၏။ သူ​တို့​သည် ဝမ်းမြောက်​၍ ယုဒ​ကို​ငွေ​ပေး​ရန် သဘောတူ​ဆုံးဖြတ်​ကြ​၏။ ယုဒ​သည်​လည်း သဘောတူ​၍ လူထု​ပရိသတ်​မ​ရှိ​သည့်​အချိန်​၌ ကိုယ်တော်​ကို သူ​တို့​လက်​သို့​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။ တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့် ကိုယ်တော်​သည် ပေတရု​နှင့်​ယောဟန်​တို့​အား“ပသခါ​ပွဲတော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​လျက် သူ​တို့​ကို​စေလွှတ်​တော်မူ​၏။ သူ​တို့​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား အဘယ်မှာ​ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​သော် ကိုယ်တော်​က“သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင် အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။ ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သွား​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။