YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:39-52

ရှင်လုကာ 2:39-52 Judson Bible (JBMLE)

မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​ပြီး​မှ၊ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော မိ​မိ​တို့​မြို့​သို့ ပြန်​ကြ၏။- သူ​ငယ်​သည်​လည်း ကြီး​ပွား၍ ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်၌​တည်၏။ မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။- ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍၊- ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊- အ​ပေါင်း​အ​ဖော်​စု​ထဲ​မှာ သူ​ငယ်​ပါ​သည်​ဟု စိတ်​ထင်​နှင့် တစ်​နေ့​ခ​ရီး​သွား​မိ​လျှင်၊ အ​ဆွေ​အ​မျိုး အ​သိ​အ​ကျွမ်း​တို့​တွင် ရှာ၍၊- မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍​ရှာ​ကြ၏။- သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။- သူ၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် သူ၏​ပ​ညာ​ကို​လည်း​ကောင်း၊ စ​ကား​အ​ဖြေ​ကို​လည်း​ကောင်း အံ့​ဩ​ကြ၏။- မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊- ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊- သူ​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ။- ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။- ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။

ရှင်လုကာ 2:39-52 Common Language Bible (BCL)

မိ​ဘ​နှစ်​ပါး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ဟု ခေါ်​သော​မိ​မိ​တို့​၏​ဌာ​နေ​သို့​ပြန်​ကြ​၏။- သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။ သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။- သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။- ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။- ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။- မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။- သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။- သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။- ယော​သပ်​နှင့်​မာ​ရိ​တို့​သည်​တွေ့​လျှင်​အံ့​အား​သင့် ကြ​၏။ ထို​နောက်​မယ်​တော်​က ``ငါ့​သား၊ သင်​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို​ဤ​သို့​ပြု​ပါ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည်​စိုး​ရိမ်​ကြီး​စွာ​ဖြင့်​ရှာ​ခဲ့ ရ​၏'' ဟု​ပြော​၏။ သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။- သူ​တို့​သည်​ထို​စ​ကား​ကို​နား​မ​လည်​ကြ။ ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။- သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။

ရှင်လုကာ 2:39-52 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိဘ​တို့​သည် ထာဝရ​ဘုရား​၏​ပညတ်​တရား​နှင့်အညီ အကုန်အစင်​ပြု​ပြီး​သောအခါ မိမိ​တို့​နေရပ်​မြို့​ဖြစ်​သော ဂါလိလဲ​နယ်​ရှိ နာဇရက်​မြို့​သို့​ပြန်​သွား​ကြ​၏။ သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။ ယေရှု​၏​မိဘ​တို့​သည် ပသခါ​ပွဲတော်​တွင် နှစ်​တိုင်း ဂျေရုဆလင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။ ယေရှု​အသက်​တစ်ဆယ့်နှစ်​နှစ်​ရှိ​သောအခါ​၌​လည်း သူ​တို့​သည်​ပွဲတော်​၏​ဓလေ့​ထုံးစံ​အတိုင်း တက်​သွား​ကြ​၏။ ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ ခရီးသွားဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်မှတ်​လျက် တစ်နေ့တာ​ခရီး​ပြု​ကြ​၏။ ထို့နောက် အဆွေအမျိုး​အသိအကျွမ်း​တို့​ကြား​တွင် လိုက်ရှာ​သော်လည်း မ​တွေ့​သဖြင့် သူ့​ကို​လိုက်ရှာ​ရင်း ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ကြ​၏။ သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။ ယေရှု​၏​စကား​ကို​ကြား​ရ​သော​သူ​အပေါင်း​တို့​သည် သူ​၏​ဉာဏ်စွမ်း​နှင့် ဖြေကြား​ချက်​များ​ကို အံ့ဩ​ငေးမော​နေ​ကြ​၏။ မိဘ​တို့​သည် သူ့​ကို​တွေ့​သောအခါ အံ့အားသင့်​၍ မယ်တော်​က “ငါ့​သား၊ အဘယ်ကြောင့် ငါ​တို့​အား ဤသို့​ပြု​ရ​သနည်း။ သင့်​ဖခင်​နှင့်​ငါ​သည် သင့်​ကို​စိုးရိမ်တကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။ ယေရှု​က​လည်း“အဘယ်ကြောင့် အကျွန်ုပ်​ကို​ရှာ​ကြ​သနည်း။ အကျွန်ုပ်​သည် အကျွန်ုပ်​ခမည်းတော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သလော”​ဟု သူ​တို့​အား​ပြန်ပြော​လေ​၏။ သို့သော် မိဘ​တို့​သည် မိမိ​တို့​အား ယေရှု​ပြော​သော​စကား​ကို နား​မ​လည်​ကြ​ချေ။ ထို့နောက် ယေရှု​သည် မိဘ​တို့​နှင့်အတူ​ပြန်သွား​၍ နာဇရက်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​နာခံ​လျက်​နေ​တော်မူ​၏။ မယ်တော်​မူကား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏။ ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။