YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:19-31

ရှင်လုကာ 19:19-31 Judson Bible (JBMLE)

သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊- ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊- အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။- အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။- ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

ရှင်လုကာ 19:19-31 Common Language Bible (BCL)

မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။- အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။- အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။- မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။- ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။- အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။- လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။- မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။- ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။- သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။- ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။- အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။

ရှင်လုကာ 19:19-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​၏။ ထို့နောက် အခြား​တစ်​ဦး​သည်​လာ​၍ ‘သခင်၊ ကြည့်​ပါ။ ပဝါ​ထဲ၌ အကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သခင်​၏​ငွေ​တစ်​မိနာ့​ရှိ​ပါ​သည်။ သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် အဘယ်ကြောင့် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ မ​အပ်ထား​သနည်း။ အပ်ထားလျှင် ငါ​ပြန်လာ​သောအခါ ၎င်း​ကို အတိုး​နှင့်တကွ ငါ​ရရှိ​ခဲ့​ပေ​လိမ့်မည်’​ဟု ဆို​လေ​၏။ ထို့နောက် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိနာ့​ကို သူ့​ထံမှ​ယူ​၍ ငွေ​ဆယ်​မိနာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။ သူ​တို့​က​လည်း ‘သခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိနာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင် သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ထိုသို့​မိန့်​တော်မူ​ပြီးနောက် ရှေ့သို့​ခရီးသွား​လျက် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ သံလွင်​ဟု​ခေါ်​သော​တောင်​အနီး​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်​သည်​နှင့် မည်သူမျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့်​ကြိုး​ဖြေ​ကြ​သနည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။