YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:31-34

ရှင်လုကာ 18:31-34 Judson Bible (JBMLE)

ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။- တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။

ရှင်လုကာ 18:31-34 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။- လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။- ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

ရှင်လုကာ 18:31-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။ အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။ ထို့နောက် သူ​တို့​သည် သူ့​ကို​ဒဏ်ခတ်​ရိုက်နှက်​၍ အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သို့ရာတွင် တပည့်​တော်​တို့​သည် ထို​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ သဘော​မ​ပေါက်​ကြ။ ထို​အရာ​သည် သူ​တို့​ထံမှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​သည်​ဖြစ်​၍ မိန့်​တော်မူ​သော​အရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။