YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 18:31-34

ရှင်လုကာခရစ်ဝင် 18:31-34 MSBU

ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။ အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။ ထို့နောက် သူ​တို့​သည် သူ့​ကို​ဒဏ်ခတ်​ရိုက်နှက်​၍ အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သို့ရာတွင် တပည့်​တော်​တို့​သည် ထို​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ သဘော​မ​ပေါက်​ကြ။ ထို​အရာ​သည် သူ​တို့​ထံမှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​သည်​ဖြစ်​၍ မိန့်​တော်မူ​သော​အရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။