YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:10-14

ရှင်လုကာ 18:10-14 Judson Bible (JBMLE)

လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။- ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။- အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။- ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 18:10-14 Common Language Bible (BCL)

``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။- ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။- အ​ကျွန်ုပ်​သည်​ရက်​သတ္တ​တစ်​ပတ်​လျှင်​နှစ်​ကြိမ် တိုင်​တိုင်​အ​စာ​ရှောင်​ပါ​၏။ ရ​ရှိ​သ​မျှ​ဥစ္စာ​ပစ္စည်း ၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏' ဟု​ဆု​တောင်း ပတ္ထနာ​ပြု​၏။- သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။

ရှင်လုကာ 18:10-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။ ဖာရိရှဲ​သည် တစ်ဦးတည်း​ရပ်​လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်​သည် အခြား​သူ​များ​ကဲ့သို့ လိမ်လည်​လုယူ​သော​သူ၊ မ​ဖြောင့်မတ်​သော​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​မ​ဟုတ်​သည့်​အပြင် ဤ​အခွန်​ကောက်ခံ​သူ​ကဲ့သို့​လည်း မ​ဟုတ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ အကျွန်ုပ်​သည် တစ်ပတ်​လျှင် နှစ်​ကြိမ်​အစာရှောင်​ပြီး ရရှိ​သမျှ​အားလုံး​၏​ဆယ်ဖို့တစ်ဖို့​ကို​လှူ​ပါ​၏’​ဟု ဆုတောင်း​လေ​၏။ အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် မိမိ​အိမ်​သို့​ပြန်သွား​သော​သူ​မှာ ဤ​အခွန်​ကောက်ခံ​သူ​ဖြစ်​၍ ထို​ဖာရိရှဲ​မ​ဟုတ်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။