YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 18:10-14

ရှင်လုကာခရစ်ဝင် 18:10-14 MSBU

“လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။ ဖာရိရှဲ​သည် တစ်ဦးတည်း​ရပ်​လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်​သည် အခြား​သူ​များ​ကဲ့သို့ လိမ်လည်​လုယူ​သော​သူ၊ မ​ဖြောင့်မတ်​သော​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​မ​ဟုတ်​သည့်​အပြင် ဤ​အခွန်​ကောက်ခံ​သူ​ကဲ့သို့​လည်း မ​ဟုတ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ အကျွန်ုပ်​သည် တစ်ပတ်​လျှင် နှစ်​ကြိမ်​အစာရှောင်​ပြီး ရရှိ​သမျှ​အားလုံး​၏​ဆယ်ဖို့တစ်ဖို့​ကို​လှူ​ပါ​၏’​ဟု ဆုတောင်း​လေ​၏။ အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် မိမိ​အိမ်​သို့​ပြန်သွား​သော​သူ​မှာ ဤ​အခွန်​ကောက်ခံ​သူ​ဖြစ်​၍ ထို​ဖာရိရှဲ​မ​ဟုတ်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 18:10-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။