YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:14-20

ရှင်လုကာ 15:14-20 Judson Bible (JBMLE)

ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။- ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊- သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။- ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။- ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။- ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊- ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။

ရှင်လုကာ 15:14-20 Common Language Bible (BCL)

ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။- သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။- သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။- ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။- ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။- အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။- ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။

ရှင်လုကာ 15:14-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။ ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည်​’ဟု ဆို​ပြီးလျှင် ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။