YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 15:14-20

ရှင်လုကာခရစ်ဝင် 15:14-20 MSBU

မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။ ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည်​’ဟု ဆို​ပြီးလျှင် ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။

​ရှင်လုကာခရစ်ဝင် 15:14-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။