YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:11-19

ရှင်လုကာ 15:11-19 Judson Bible (JBMLE)

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။- သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။- ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊- ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။- ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊- သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။- ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။- ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။- ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊

ရှင်လုကာ 15:11-19 Common Language Bible (BCL)

ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။- သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။- ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။- ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။- သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။- သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။- ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။- ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။- အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။

ရှင်လုကာ 15:11-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ကိုယ်တော်​က“လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။ သားငယ်​သည် ဖခင်​အား ‘အဖေ၊ အကျွန်ုပ်​ရ​ထိုက်​သော​အမွေ​ပစ္စည်း​ကို ခွဲဝေ​ပေး​ပါ’​ဟု ဆို​သဖြင့် ဖခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲဝေ​ပေး​လေ​၏။ ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။ မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။ ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည်​’ဟု ဆို​ပြီးလျှင်

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။