YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 15:11-19

လုကာ 15:11-19 BCL

ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။- သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။- ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။- ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။- သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။- သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။- ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။- ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။- အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။

​လုကာ 15:11-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။