YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:7-11

ရှင်လုကာ 14:7-11 Judson Bible (JBMLE)

ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊- သူ​တစ်​ပါး​သည် မင်္ဂ​လာ​ဆောင်​ပွဲ​သို့ သင့်​ကို​ခေါ်​ဖိတ်​သော​အ​ခါ၊ မြင့်​မြတ်​သော​နေ​ရာ၌ မ​လျောင်း​နှင့်။ ထို​သို့​လျောင်း​လျှင် သင့်​ထက်​သာ၍ မြတ်​သော​သူ​သည် ပွဲ​သို့​လာ​သည်​ရှိ​သော်၊- သင်​တို့​နှစ်​ယောက်​ကို ခေါ်​ဖိတ်​သော​သူ​က၊ ဤ​သူ​အား နေ​ရာ​ကို​ပေး​လော့​ဟု​လာ၍ ပြော​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ရှက်​ကြောက်​ခြင်း​နှင့် နိမ့်​သော​နေ​ရာ​သို့ ဆင်း​ရ​လိမ့်​မည်။- သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။- ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 14:7-11 Common Language Bible (BCL)

စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။- ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။- ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။- သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။- မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ရှင်လုကာ 14:7-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် အထူး​နေရာ​များ​ရွေးချယ်​နေ​ကြ​ပုံ​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ “တစ်စုံတစ်ယောက်​သည် သင့်​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​သောအခါ အထူး​နေရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်သရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်မည်။ ထိုအခါ သင်​တို့​နှစ်ဦး​စလုံး​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည် သင့်​ထံသို့​လာ​၍ ‘သင့်​နေရာ​ကို ဤ​သူ​အား​ပေး​လိုက်​ပါ’​ဟု ဆို​လျှင် သင်​သည် အရှက်ရ​လျက် နောက်ဆုံး​နေရာ​ကို​ယူ​ရ​လိမ့်မည်။ ထို့ကြောင့် ဖိတ်ခေါ်​ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌ သွား​၍​ထိုင်​လော့။ သို့ပြုလျှင် သင့်​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်ဆွေ ရှေ့သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်မည်။ ထိုအခါ သင်​သည် သင်​နှင့်အတူ​ထိုင်​နေ​သော​သူ​အားလုံး​တို့​ရှေ့​၌ ဂုဏ်သရေ​ရှိ​လိမ့်မည်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။