YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:27-33

ရှင်လုကာ 14:27-33 Judson Bible (JBMLE)

အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။- သင်​တို့​တွင် တစ်​ယောက်​သော​သူ​သည် တိုက်​ကို တည်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည် မ​လောက်​မည်​ကို သိ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ ထိုင်၍ ကုန်​စ​ရိတ်​ကို မ​ချင့်​တွက်​ဘဲ နေ​မည်​လော။- သို့​မ​ဟုတ် တိုက်​မြစ်​ကို​တည်၍ တိုက်​ကို မ​ပြီး​နိုင်​လျှင်၊ သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊- ဤ​သူ​သည် တည်​စ​ပြု၍ အ​စ​မ​သတ်​နိုင်​ဟု ကဲ့​ရဲ့​ကြ​လိမ့်​မည်။- တ​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော ရှင်​ဘု​ရင်​သည် အ​ခြား​သော​ရှင်​ဘု​ရင်​နှင့် စစ်​ပြိုင်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ လူ​နှစ်​သောင်း​နှင့် ချီ​လာ​သော ရှင်​ဘု​ရင်​ကို လူ​တစ်​သောင်း​နှင့် ခံ​နိုင်​မည် မ​ခံ​နိုင်​မည်​ကို ရှေ့​ဦး​စွာ​ထိုင်၍ မ​ဆင်​ခြင်​ဘဲ နေ​မည်​လော။- မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။- ထို​နည်း​တူ၊ သင်​တို့​တွင် အ​ကြင်​သူ​သည် မိ​မိ၌​ရှိ​သ​မျှ​ကို မ​စွန့်​ဘဲ​နေ၏။ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။

ရှင်လုကာ 14:27-33 Common Language Bible (BCL)

မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။- သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။- ထို​သို့​တွက်​ချက်​မ​ကြည့်​ဘဲ​မျှော်​စင်​ကို​အုတ် မြစ်​ချ​၍​အ​ဆုံး​မ​သတ်​နိုင်​ရှိ​ချေ​သော် ကြည့် မြင်​သူ​အ​ပေါင်း​တို့​သည်​ထို​သူ​အား​ပြောင် လှောင်​ကြ​လိမ့်​မည်။- `ဤ​သူ​ကား​တည်​ဆောက်​မှု​ကို​အ​စ​ပြု​၏။ သို့​ရာ​တွင်​အ​ဆုံး​မ​သတ်​နိုင်​ပါ​တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။- အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။- အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။- ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။

ရှင်လုကာ 14:27-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။ သင်​တို့​ထဲတွင် တစ်စုံတစ်ဦး​သည် မျှော်စင်​တစ်​ခု​ဆောက်​လို​လျှင် ပြီးစီး​သည်​အထိ လုံလောက်​သော​ငွေ​ရှိ​၊ မ​ရှိ ဦးစွာ​ထိုင်​၍ ကုန်ကျ​စရိတ်​ကို​မ​တွက်ချက်​ဘဲ​နေ​မည်​လော။ ထိုသို့​မ​တွက်ချက်​ဘဲ အုတ်မြစ်​ချ​၍ အဆုံး​မ​သတ်​နိုင်​လျှင် မြင်​သူ​အပေါင်း​တို့​သည် သူ့​ကို​ပြောင်လှောင်​လျက် ‘ဤ​သူ​သည် စတင်​တည်ဆောက်​ခဲ့​သော်လည်း အဆုံး​မ​သတ်​နိုင်​ပါ​တကား’​ဟု ဆို​ကြ​လိမ့်မည်။ ထိုမှတစ်ပါး မည်သည့်​ဘုရင်​သည် အခြား​ဘုရင်​တစ်​ပါး​နှင့် စစ်တိုက်​ရန်​ချီတက်​မည်​ပြု​စဉ် စစ်သည်​နှစ်သောင်း​နှင့်​ချီတက်​လာ​သော အခြား​တစ်ဖက်​ကို စစ်သည်​တစ်သောင်း​ဖြင့် ရင်ဆိုင်​၍​ရ​၊ မရ ဦးစွာ​ထိုင်​လျက် မ​သုံးသပ်​ဘဲ​နေ​မည်နည်း။ ရင်ဆိုင်​၍​မ​ရ​နိုင်​ပါက အခြား​ဘုရင်​သည်​အဝေး​၌​ရှိ​နေ​စဉ် သံတမန်​ကို​စေလွှတ်​၍ စစ်ပြေငြိမ်း​ရေး​အတွက် စကား​ကမ်းလှမ်း​ရ​ပေ​လိမ့်မည်။ ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။