ရှင်လုကာ 12:35-59
ရှင်လုကာ 12:35-59 Judson Bible (JBMLE)
သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊- သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကိုမျှော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။- အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။- နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။- အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊- သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။- အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။- ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။- သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။- ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတ္တံ့။- အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန်သည် များစွာသောဒဏ်ကို ခံရ၏။- သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ်ကိုသာ ခံရ၏။ အကြင်သူ သည် များစွာသောကျေးဇူးကိုခံရ၏။ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။ မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း။ ထိုမီးမညှိမီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံတစ်ခုကိုလည်း ငါခံစရာရှိ၏။- ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။- မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှာ ငါလာသည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသည်ဟု ငါဆို၏။- အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တစ်အိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု အချင်းချင်း ကွဲပြားလိမ့်မည်။- အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုးရိပ်တက်သည်ကို မြင်သောအခါ မိုးရွာမည်ဟု ချက်ချင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။ ထိုမှတစ်ပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။- သင်သည် တရားတွေ့ဖက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှာ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီးရှေ့သို့ ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။- လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။

ရှင်လုကာ 12:35-59 Common Language Bible (BCL)
``သင်တို့သည်အဆင်သင့်ဖြစ်ရန်ခါးကိုစည်း လျက်မီးခွက်များကိုထွန်းညှိထားကြလော့။- မင်္ဂလာဆောင်မှပြန်လာသောမိမိတို့၏သခင် သည်တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေး ရန်စောင့်မျှော်နေကြသောအစေခံများကဲ့ သို့ဖြစ်ကြလော့။- အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။- သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။- အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။- လူသားသည်သင်တို့မမျှော်လင့်သည့်အချိန် ၌ကြွလာမည်ဖြစ်၍သင်တို့အသင့်ရှိနေကြ လော့'' ဟုမိန့်တော်မူ၏။ ပေတရုက ``အရှင်၊ ဤပုံဥပမာကိုအကျွန်ုပ် တို့အတွက်မိန့်တော်မူပါသလော။ သို့တည်း မဟုတ်လူခပ်သိမ်းတို့အတွက်လော'' ဟု မေးလျှောက်၏။ သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။- တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။- သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။- ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။ ``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။- သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။ ``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။- ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။- ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။- ယခုမှစ၍လူငါးယောက်ရှိသည့်အိမ်ထောင် တွင်နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်က တစ်ဖက်စိတ်ဝမ်းကွဲပြားကြလိမ့်မည်။- ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာလိမ့် မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏။ သင် တို့ပြောသည့်အတိုင်းလည်းဖြစ်တတ်၏။- တောင်လေလာသည်ကိုမြင်သော်နေပူလိမ့်မည် ဟုပြောတတ်ကြ၏။ သင်တို့ပြောသည့်အတိုင်း လည်းဖြစ်တတ်၏။- ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။'' ``မှန်ကန်သည့်အမှုကိုပြုရန်အဘယ်ကြောင့် သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။- သင်၏တရားတွေ့ဘက်နှင့်အတူ တရား သူကြီးထံကိုသွားရာလမ်းတွင်ကျေအေး အောင်စေ့စပ်လော့။ ထိုသို့မပြုပါမူ သူသည် သင့်အားတရားသူကြီး၏ရှေ့သို့ဆွဲခေါ် သွားလိမ့်မည်။ တရားသူကြီးသည် သင့်အား မင်းမှုထမ်းလက်သို့ပေးအပ်လိုက်လိမ့်မည်။ မင်းမှုထမ်းသည်လည်းသင့်အားထောင်ချ ထားလိမ့်မည်။- အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။
ရှင်လုကာ 12:35-59 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့သည် ခါးကိုစည်းလျက် ဆီမီးတို့ကိုထွန်းထားကြလော့။ မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ သူ့အတွက် ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် သခင်ကိုစောင့်နေသူများကဲ့သို့ဖြစ်ကြလော့။ သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။ သခင်သည် ညဥ့်နက်အချိန်၌ဖြစ်စေ၊ သန်းခေါင်ကျော်အချိန်၌ဖြစ်စေ ပြန်လာ၍ ထိုသို့စောင့်နေကြသည်ကိုတွေ့မြင်လျှင် သူတို့သည် မင်္ဂလာရှိကြ၏။ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။ လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော၊ သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။ သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။ မိမိသခင်ပြန်လာသောအခါ ထိုသို့ဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။ သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင် ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။ မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။ သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။ မြေကြီးပေါ်သို့ မီးကိုပစ်ချရန် ငါလာ၏။ မီးစွဲလောင်ပြီးသားဖြစ်ရန်ပင် ငါအလွန်အလိုရှိ၏။ သို့သော် ငါခံမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုမပြီးဆုံးမီတိုင်အောင် ငါသည် ဖိစီးမှုကို မည်မျှခံစားရပါမည်နည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းကိုပေးရန် ငါလာသည်ဟု ထင်မှတ်ကြသလော။ ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား ကွဲပြားစေရန် ငါလာ၏။ အကြောင်းမူကား ယခုမှစ၍ လူငါးယောက်ရှိသည့်အိမ်တစ်အိမ်တွင် သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်။ ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးသက်မုန်တိုင်းလာနေပြီဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ တောင်လေတိုက်လာသောအခါ၌လည်း ပူအိုက်လိမ့်မည်ဟုပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။ ထိုမှတစ်ပါး မှန်ကန်သည့်အရာကို အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်မဆင်ခြင်မသုံးသပ်ကြသနည်း။ သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။ သင့်အား ငါဆိုမည်။ နောက်ဆုံးလတ္တာတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်”ဟုမိန့်တော်မူ၏။