YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:37-54

ရှင်လုကာ 11:37-54 Judson Bible (JBMLE)

ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို​သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ သူ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌ လျောင်း​တော်​မူ၏။- အ​စာ​ကို​မ​စား​မီ ဆေး​ခြင်း​ကို ပြု​တော်​မ​မူ​သည်​ကို ဖာ​ရိ​ရှဲ​သည်​မြင်​လျှင် အံ့​ဩ​လေ၏။- သ​ခင်​ဘု​ရား​က​လည်း၊ ဖာ​ရိ​ရှဲ​ဖြစ်​သော သင်​တို့​သည် ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌​ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ ဆိုး​ညစ်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။- လူ​မိုက်​တို့၊ အ​ပြင်​ကို ဖန်​ဆင်း​သော​သူ​သည် အ​တွင်း​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။- သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ တ​ရား​ဇ​ရပ်၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မ​ထင်​ရှား​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​အ​ပေါ်​မှာ သွား​လာ​သော​သူ​တို့​သည် သင်္ချိုင်း​တွင်း​ရှိ​မှန်း​ကို​မျှ မ​သိ​ကြ​ဟု မိန့်​တော်​မူ၏။ ကျမ်း​တတ်​တစ်​ယောက်​က​လည်း၊ အ​ရှင်​ဘု​ရား ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​ကို​ပင် ကဲ့​ရဲ့​အ​ပြစ်​တင်​တော်​မူ၏​ဟု လျှောက်​သော်၊- ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထမ်း​ခဲ​သော​ဝန်​ကို သူ​တစ်​ပါး​အ​ပေါ်​မှာ တင်​တတ်၏။- ကိုယ်​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​တို့၏ သင်္ချိုင်း​များ​ကို​တည်​လုပ်၍၊ သင်​တို့၏ ဘိုး​ဘေး​များ​သည် သူ​တို့​ကို​သတ်​ကြ၏။- အ​ကယ်​စင်​စစ် သင်​တို့​သည် ဘိုး​ဘေး​တို့၏ အ​ပြု​အ​မူ​ကို လက်​ခံ​ကြ၏။ ဘိုး​ဘေး​တို့​သည် ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပြီ။ သင်​တို့​မူ​ကား၊ သင်္ချိုင်း​တို့​ကို တည်​လုပ်​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဉာဏ်​စီ​ရင်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်၊ တ​မန်​တော်​တို့​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် ထို​ပ​ရာ​ဖက်၊ တ​မန်​တော်​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို သတ်​ကြ​လိမ့်​မည်။- ထို​ကြောင့်၊ အာ​ဗေ​လ၏ အ​သွေး​မှ​စ၍၊ ယဇ်​ပ​လ္လင်​နှင့် အိမ်​တော်၏​အ​ကြား၌ သတ်​ခဲ့​ပြီး​သော ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် က​မ္ဘာ​ဦး​မှ​စ၍ သွန်း​ပြီး​သော ပ​ရော​ဖက်​အ​ပေါင်း​တို့၏ အ​သွေး​ကြောင့် ယ​ခု​ဖြစ်​သော လူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​တို့​သည် ထို​စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။ ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ထို​သို့ ပ​ရိသတ်​တို့​အား မိန့်​တော်​မူ​စဉ်​တွင် ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရ​မည်​အ​ကြောင်း၊- ချောင်း​မြောင်း​လျက် စ​ကား​တော်​ကို​ဖမ်း​ခြင်း​ငှာ ရှာ​ကြံ​လျက်၊ ကျပ်​ကျပ်​တိုက်​တွန်း၍ အ​ရာ​ရာ​တို့၌ မေး​စစ်​ကြ၏။

ရှင်လုကာ 11:37-54 Common Language Bible (BCL)

ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။- ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။- သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။- အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။- သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။'' ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။'' ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။- သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။ ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။- သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။- ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။- သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။ ``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။- နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။

ရှင်လုကာ 11:37-54 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့​မိန့်​တော်မူ​ပြီး​သောအခါ ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စား​သောက်​တော်မူ​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။ သို့သော် အစာ​မ​သုံးဆောင်​မီ ဦးစွာ​ဆေးကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာရိရှဲ​သည်​မြင်​၍ အံ့သြ​လေ​၏။ သခင်​ဘုရား​က​လည်း“သင်​တို့​ဖာရိရှဲ​များ​သည် ခွက်​နှင့်​လင်ပန်း​တို့​၏​အပြင်​ဘက်​ကို စင်ကြယ်​စေ​ကြ​သော်လည်း သင်​တို့​အတွင်း​၌​ကား မတရား​လုယူ​ခြင်း​နှင့်​ဆိုးညစ်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏။ မိုက်မဲ​သော​သူ​တို့၊ အပြင်​ဘက်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အတွင်း​ဘက်​ကို​လည်း ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်​လော။ သို့ဖြစ်၍ အတွင်း​၌​ရှိ​သော​အရာ​များ​ကို ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ သို့ပြုလျှင် အရာ​ခပ်သိမ်း​တို့​သည် သင်​တို့​အတွက် စင်ကြယ်​ကြ​လိမ့်မည်။ သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။ ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မ​ထင်ရှား​သော သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ လူ​တို့​သည် ၎င်း​အပေါ်မှာ မ​သိ​ဘဲ သွားလာ​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​အား “ဆရာ၊ ဤသို့​ပြောဆို​ခြင်း​သည် အကျွန်ုပ်​တို့​ကို​လည်း ရှုတ်ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော် ကိုယ်တော်​က“ကျမ်းတတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည်​လည်း အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထမ်းရခက်​သော​ဝန်​များ​ကို လူ​တို့​အား​ထမ်း​စေ​ကြ​၏။ သင်​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို သင်​တို့​လက်ဖျား​နှင့်​မျှ​မ​တို့​ကြ။ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် သင်​တို့​ဘိုးဘေး​များ​သတ်​ခဲ့​သော ပရောဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်ဆောက်​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် သင်​တို့​ဘိုးဘေး​များ​ပြု​သော​အမှု​တို့​ကို သဘောတူ​ထောက်ခံ​၍ ထို​အမှု​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ပရောဖက်​များ​ကို​သတ်​၍ သင်​တို့​သည် သင်္ချိုင်း​ဂူ​များ​ကို​တည်ဆောက်​ကြ​၏။ သို့ဖြစ်၍ ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​က ‘ပရောဖက်​များ​နှင့် တမန်တော်​များ​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထိုအခါ သူ​တို့​သည် ထို​သူ​တို့​ထဲမှ အချို့​တို့​ကို​ညှဉ်းဆဲ​၍ သတ်​ကြ​လိမ့်မည်’​ဟု မြွက်ဆို​ထား​၏။ ထို့ကြောင့် အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် အသတ်​ခံ​ခဲ့​ရ​သည့် ဇာခရိ​၏​သွေး​တိုင်အောင် ကမ္ဘာ​တည်​ချိန်​မှစ၍ သွန်းလောင်း​ခြင်း​ခံရ​သော ပရောဖက်​အပေါင်း​တို့​၏​သွေး​ကြွေး​ကို ဤ​မျိုးဆက်​ထံမှ တောင်းယူ​လိမ့်မည်။ မှန်​ပေ​၏။ ဤ​မျိုးဆက်​ထံမှ ထို​သွေး​ကြွေး​ကို​တောင်းယူ​လိမ့်မည်​ဟု ငါ​ဆို​၏။ ကျမ်းတတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် အသိပညာ​သော့​ကို​သိမ်းယူ​၍ ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း တားဆီး​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ထို​နေရာ​မှ ကိုယ်တော်​ထွက်ကြွ​တော်မူ​သောအခါ ကျမ်းပြု​ဆရာ​များ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​အပေါ် ကြီးစွာ​ရန်ငြိုး​ထား​လျက် အကြောင်းအရာ​အမျိုးမျိုး​တို့​ကို တရစပ်​မေးမြန်း​ကာ နှုတ်​တော်​ထွက်​စကား​တစ်စုံတစ်ခု​ဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ချောင်းမြောင်း​နေ​ကြ​၏။