YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:14-36

ရှင်လုကာ 11:14-36 Judson Bible (JBMLE)

တစ်​ရံ​ရော​အ​ခါ စ​ကား​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ၍၊ နတ်​ဆိုး​ထွက်​သည်​နောက် အ​သော​သူ​သည် စ​ကား​ပြော၏။ အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ​ကြ၏။- အ​ချို့​တို့​က ဤ​သူ​သည် နတ်​ဆိုး​မင်း ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- အ​ချို့​တို့​သည်​လည်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။- ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်၊ အိမ်​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် လဲ​လိမ့်​မည်။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​သည်​အ​တိုင်း၊ စာ​တန်​သည် မိ​မိ​နှင့် မ​သင်​မ​တင့်​ကွဲ​ပြား​လျှင် သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့​တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို​အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏ လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​သည် လက်​နက်​စုံ​နှင့် မိ​မိ​အိမ်​ဦး၌ စောင့်​နေ​စဉ်​အ​ခါ သူ၏​ဥ​စ္စာ​သည် လုံ​ခြုံ​စွာ​ရှိ၏။- သူ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် လာ၍ သူ့​ကို​အောင်​ပြီး​မှ၊ သူ​ကိုး​စား​သော လက်​နက်​စုံ​ကို​သိမ်း​ယူ၍ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ခွဲ​ဝေ​လိမ့်​မည်။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ​ဖြစ်၏။ ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော​အ​ရပ်​တို့၌ လည်၍ ငြိမ်​သက်​ခြင်း​ကို ရှာ​တတ်၏။ မ​တွေ့​လျှင်၊ ငါ​သည်​ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့​ပြန်​ရ​ဦး​မည်​ဟု ဆို၍၊- ရောက်​သော​အ​ခါ၊ ထို​အိမ်​သည် သုတ်​သင်​ပြင်​ဆင်​လျက်​ရှိ​သည်​ကို တွေ့​သော်၊- မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် မိန်း​မ​တစ်​ယောက်​သည် လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍ ကိုယ်​တော်​ကို လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​သည် မင်္ဂ​လာ​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။- ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ​သား​သည် ဤ​လူ​မျိုး​အား ဖြစ်​လိမ့်​မည်။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား။ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။ ဆီ​မီး​ထွန်း၍ ကွယ်​ရာ၌​ဖုံး​ထား​လေ့​မ​ရှိ။ တောင်း​ဇ​လား​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​လာ​သော​သူ​သည် အ​လင်း​ကို​ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ကိုယ်၏​ဆီ​မီး​ကား၊ မျက်​စိ​တည်း။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​သော​အ​ခါ တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။ မျက်​စိ​မြှေး​ယှက်​သော​အ​ခါ တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။- ကိုယ်၌​ရှိ​သော​အ​လင်း​ကို မှောင်​မိုက်​မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​လော့။- အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 11:14-36 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဆွံ့​အ​သော​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​၍​နတ်​မိစ္ဆာ​ထွက်​သွား​သည် နောက်​ဆွံ့​အ​သော​သူ​သည်​စ​ကား​ပြော လေ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ ကြ​၏။- သို့​ရာ​တွင်​လူ​အ​ချို့​က ``ကိုယ်​တော်​သည်​နတ် မိစ္ဆာ​ဘု​ရင်​ဗေလ​ဇေ​ဗုလ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင် ၍ ``ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ် ကို​ပြ​တော်​မူ​ပါ'' ဟု​တောင်း​ခံ​ကြ​၏။- ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။- ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။- အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။- သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။'' ``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။- သို့​ရာ​တွင်​ထို​သူ​ထက်​ခွန်​အား​ကြီး​သူ​သည် ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​မြင်​သော အ​ခါ သူ​အား​ကိုး​အား​ထား​ပြု​သည့်​လက် နက်​များ​ကို​သိမ်း​ယူ​သွား​လိမ့်​မည်။ တိုက်​ခိုက် ၍​ရ​ရှိ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​ခွဲ ဝေ​လိမ့်​မည်။'' ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။'' ``ညစ်​ညမ်း​သော​နတ်​သည်​လူ​ထဲ​က​ထွက်​သည့် အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​သို့​လှည့်​လည်​၍ နား​စ​ရာ​နေ​ရာ​ကို​ရှာ​တတ်​၏။ ရှာ​မ​တွေ့ လျှင် `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင် ပြန်​ပါ​အံ့' ဟု​ဆို​၏။- သို့​ဖြစ်​၍​သူ​သည်​ထို​နေ​ရာ​သို့​ပြန်​သွား သော​အ​ခါ သပ်​ရပ်​စွာ​လှဲ​ကျင်း​ထား​သည် ကို​တွေ့​သော်၊- မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး သော​အ​ခါ လူ​ပ​ရိ​သတ်​ထဲ​က​အ​မျိုး​သမီး တစ်​ယောက်​သည် ``အ​ရှင့်​ကို​မွေး​၍​နို့​တိုက် ရ​သော​အ​မျိုး​သမီး​သည်​မင်္ဂ​လာ​ရှိ​ပါ​၏'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။- နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။- ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။- နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။- မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။- သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 11:14-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ခါ​က ကိုယ်တော်​သည် ဆွံ့အ​သော​နတ်ဆိုး​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​ထွက်သွား​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​သဖြင့် လူထု​ပရိသတ်​တို့​သည်​အံ့သြ​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲမှ အချို့​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟု ပြောဆို​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။ သို့သော် ကိုယ်တော်​သည် သူ​တို့​၏​စိတ်​သဘော​များ​ကို သိမြင်​တော်မူ​သဖြင့်“မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​အိမ်​သည်​လည်း ပြိုလဲ​သွား​မည်။ စာတန်​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​နိုင်​မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သောကြောင့်​ဖြစ်​၏။ ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် သင်​တို့​၏​သား​များ​သည် မည်သူ့​ကို​အမှီပြု​၍ နှင်ထုတ်​ကြ​သနည်း။ ထို့ကြောင့် သူ​တို့​သည် သင်​တို့​ကို တရား​စီရင်​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​လက်ညှိုး​တော်​အားဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။ ခွန်အား​ကြီး​သော​သူ​သည် လက်နက်​အပြည့်အစုံ​ဖြင့် မိမိ​ခြံဝင်း​ကို​စောင့်ကြပ်​နေ​သောအခါ သူ​၏​ဥစ္စာ​ပစ္စည်း​များ​သည်​လုံခြုံ​မှု​ရှိ​၏။ သို့သော် သူ့​ထက်​ခွန်အား​ကြီး​သော​သူ​သည်​ရောက်လာ​၍ သူ့​ကို​တိုက်ခိုက်​အောင်နိုင်​သောအခါ သူ​အားကိုး​ခဲ့​သည့် လက်နက်​စုံ​ကို​သိမ်းယူ​၍ သိမ်းပိုက်​ရရှိ​သည့်​ပစ္စည်း​များ​ကို ခွဲဝေ​လိမ့်မည်။ ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်ကွဲတစ်ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။ ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့​လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့် ‘ငါ​ထွက်လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်လာ​ရာ ထို​နေရာ​မှာ လှဲကျင်း​၍​သပ်ရပ်​စွာ​ပြင်ဆင်​ထား​သည်​ကို တွေ့​လေ​၏။ ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏”​ဟု မိန့်​တော်မူ​၏။ ဤ​အကြောင်းအရာ​များ​ကို ကိုယ်တော်​မိန့်​တော်မူ​စဉ် လူထု​ပရိသတ်​ထဲမှ အမျိုးသမီး​တစ်​ဦး​သည် အသံ​ကို​ကျယ်စွာပြု​၍ “ကိုယ်တော်​ကို​လွယ်​သော​ဝမ်း​နှင့် စို့​တော်မူ​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​ပါ​၏”​ဟု လျှောက်​လေ​၏။ သို့ရာတွင် ကိုယ်တော်​က“စင်စစ်ကား ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။ လူထု​ပရိသတ်​များ​စုရုံး​လာ​ကြ​စဉ် ကိုယ်တော်​က“ဤ​မျိုးဆက်​သည် ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​၏။ သူ​တို့​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား​ပြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား ယောန​သည် နိနေဝေ​မြို့သား​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​သကဲ့သို့ လူ့သား​သည်​လည်း ဤ​မျိုးဆက်​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​လိမ့်မည်။ တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​လူ​တို့​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို​နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။ တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။ ဆီမီး​ကို​ထွန်း​၍ ကွယ်ရာ​၌​ထား​သော​သူ​၊ သို့မဟုတ် တောင်း​အောက်၌​ထား​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ​ထား​တတ်​ကြ​၏။ သင်​၏​မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ သင်​၏​မျက်စိ​ကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည်​လည်း​တောက်ပ​နေ​လိမ့်မည်။ သို့သော် မျက်စိ​မကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​သည်​လည်း မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​မ​ဖြစ်​စေရန် သတိပြု​လော့။ ထို့ကြောင့် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မှောင်မိုက်​သည့်​အပိုင်း​မ​ရှိ​ဘဲ တောက်ပ​နေ​လျှင် ဆီမီး​အလင်းရောင်​သည် သင့်​အပေါ်​ထွန်းလင်း​နေ​သကဲ့သို့ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် တောက်ပ​နေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။