YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:1-4

ရှင်လုကာ 11:1-4 Judson Bible (JBMLE)

တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရပ်​တွင် ဆု​တောင်း​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ သ​ခင်၊ ဆု​တောင်း​စေ​ခြင်း​ငှာ ယော​ဟန်​သည်​မိ​မိ​တ​ပည့်​တို့​အား နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား နည်း​ပေး​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ သင်​တို့​သည်​ဆု​တောင်း​လျှင် မြွက်​ဆို​ရ​မည်​မှာ၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။ နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။- အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား နေ့​ရက် အ​စဉ်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပါ။- အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​သူ​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​သည်​လွှတ်​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။ အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 11:1-4 Common Language Bible (BCL)

အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။ ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။ လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊ အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်' ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 11:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆုတောင်း​ကြ​သောအခါ ‘အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို နေ့စဉ်​ပေး​သနား​တော်မူ​ပါ။ အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​အားလုံး​တို့​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သည်​ဖြစ်၍ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​ကို ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ၍ မြွက်ဆို​ကြ​လော့”​ဟု မိန့်​တော်မူ​၏။