YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 11:1-4

ရှင်လုကာခရစ်ဝင် 11:1-4 MSBU

တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆုတောင်း​ကြ​သောအခါ ‘အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို နေ့စဉ်​ပေး​သနား​တော်မူ​ပါ။ အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​အားလုံး​တို့​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သည်​ဖြစ်၍ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​ကို ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ၍ မြွက်ဆို​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 11:1-4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။