YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:33-37

ရှင်လုကာ 10:33-37 Judson Bible (JBMLE)

ရှ​မာ​ရိ လူ​တစ်​ယောက်​သည် ခ​ရီး​သွား​ရာ​တွင် ထို​လူ​နာ​ရှိ​ရာ​သို့​ရောက်၍ မြင်​သော​အ​ခါ၊ က​ရု​ဏာ​စိတ်​ရှိ​သည်​နှင့်၊- ချဉ်း​ကပ်၍ သူ၏​အ​နာ​များ​ကို ဆီ​နှင့် စ​ပျစ်​ရည်​ထည့်​လျက် အ​ဝတ်​နှင့်​စည်း​ပြီး​လျှင်၊ မိ​မိ​တိ​ရ​စ္ဆာန်​ပေါ်​မှာ တင်၍ ဇ​ရပ်​တစ်​ခု​သို့ ဆောင်​သွား​ပြု​စု​လေ၏။- နက်​ဖြန်​နေ့၌ ထွက်​သွား​သော​အ​ခါ၊ ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်၍ ဇ​ရပ်​ရှင်​အား​ပေး​လျက်၊ ဤ​သူ​ကို ကြည့်​ရှု​ပြု​စု​ပါ။ ကုန်​သ​မျှ​ကို ငါ​ပြန်​လာ​သော​အ​ခါ ဆပ်​ပေး​မည်​ဟု​ဆို၏။ သင်​သည် အ​ဘယ်​သို့​ထင်​သ​နည်း။- ထို​သူ​သုံး​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် ဓား​ပြ​လက်​သို့​ရောက်​သော​သူ​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​သ​နည်း​ဟု ပြန်၍​မေး​တော်​မူ​လျှင်၊- ကျမ်း​တတ်​က​လည်၊ လူ​နာ​ကို​သ​နား​သော​သူ​သည် စပ်​ဆိုင်​သော​သူ​ဖြစ်​ပါ၏​ဟု လျှောက်​သော် ယေ​ရှု​က၊ သင်​သည်​သွား၍ ထို​နည်း​တူ​ပြု​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 10:33-37 Common Language Bible (BCL)

သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊- သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။- နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်' ဟု​ပြော​၏။ ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ကျမ်း​တတ်​ဆ​ရာ​က ``သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လျှင်၊ သ​ခင်​ယေ​ရှု​က ``သင်​သည်​သွား​၍​ထို​နည်း​တူ ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 10:33-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။ နောက်တစ်နေ့​တွင် ဒေနာရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။ ထို​သူ​သုံး​ဦး​တို့​တွင် မည်သူ​သည် ဓားပြ​လက်​တွင်း​သို့ ကျရောက်​ခဲ့​သူ​၏​ဝန်းကျင်​၌​ရှိ​သော​သူ ဖြစ်​သည်​ဟု သင်​ထင်​သနည်း”​ဟူ၍ မေး​တော်မူ​၏။ ထို​သူ​က​လည်း “သူ့​အပေါ်​ကရုဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေရှု​က“သင်​သည်​လည်း သွား​၍ ထိုနည်းတူ​ပြု​လော့”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။