YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 10:33-37

ရှင်လုကာခရစ်ဝင် 10:33-37 MSBU

သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။ နောက်တစ်နေ့​တွင် ဒေနာရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။ ထို​သူ​သုံး​ဦး​တို့​တွင် မည်သူ​သည် ဓားပြ​လက်​တွင်း​သို့ ကျရောက်​ခဲ့​သူ​၏​ဝန်းကျင်​၌​ရှိ​သော​သူ ဖြစ်​သည်​ဟု သင်​ထင်​သနည်း”​ဟူ၍ မေး​တော်မူ​၏။ ထို​သူ​က​လည်း “သူ့​အပေါ်​ကရုဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေရှု​က“သင်​သည်​လည်း သွား​၍ ထိုနည်းတူ​ပြု​လော့”​ဟု မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 10:33-37 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။