ရှင်လုကာ 10:1-24
ရှင်လုကာ 10:1-24 Judson Bible (JBMLE)
ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။- သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။- သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။- ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။- မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည် တည်လိမ့်မည်။- သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌ သင်တို့ရှေ့မှာထည့်သမျှကို စားကြလော့။- လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။- အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။- သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။- ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့။ အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။- တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက် သာ၍ခံရကြလတ္တံ့။- အိုကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။- သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။- ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။- ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။- သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏။ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏။ အဘ။- ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။- ထိုအခါ တပည့်တော်တို့ကို လှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။- ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။
ရှင်လုကာ 10:1-24 Common Language Bible (BCL)
ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။- ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။- သွားကြ၊ ဝံပုလွေစုထဲသို့သိုးသူငယ်များအား စေလွှတ်သကဲ့သို့သင်တို့အားငါစေလွှတ်၏။- သင်တို့သည်ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းမှာရပ်၍မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။- သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။- ထိုအိမ်တွင်ငြိမ်သက်မှုကိုလိုလားသူရှိလျှင် သင်တို့ပို့သသည့်မေတ္တာကိုထိုသူခံစားရ လိမ့်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှ မရှိပါမူသင်တို့ပို့သည့်မေတ္တာသည်သင်တို့ ၏ထံသို့ပြန်လာလိမ့်မည်။- သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။- သင်တို့အားကြိုဆိုလက်ခံသောမြို့တွင်သင် တို့အားကျွေးမွေးသမျှတို့ကိုစားကြလော့။- ထိုမြို့ရှိသူနာများကိုရောဂါပျောက်ကင်းစေ ကြလော့။ ထိုနောက်သူတို့တွင်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်နီးပြီဖြစ်ကြောင်းပြော ကြားကြလော့။- သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊- `သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-' ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။'' ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။- ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။- အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။ သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။ ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။ ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။- မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။- သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။ ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။ ``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ဘက်သို့ လှည့်၍ ``ယခုမြင်သမျှသောအရာတို့ကိုသင် တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာ ရှိ၏။- သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
ရှင်လုကာ 10:1-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။ ကိုယ်တော်သည် ထိုသူတို့အား“ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားသည်နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကိုစေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့။ သွားကြ။ ဝံပုလွေများထဲသို့ သိုးသငယ်များကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။ မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။ ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။ ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။ မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။ ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။ မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်မခံလျှင် ထိုမြို့၏လမ်းမပေါ်သို့ ထွက်ပြီးလျှင် ‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။ သင်တို့အား ငါဆိုမည်။ ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။ သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။ ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။ ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။ သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။ ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။ ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍“သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိသော်လည်း မကြားခဲ့ရကြပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။