YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:1-20

ရှင်လုကာ 10:1-20 Judson Bible (JBMLE)

ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။- သူ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။ ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စ​ပါး​ရှင် စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- သင်​တို့​သွား​လေ​သည်​အ​ရာ​မှာ၊ တော​ခွေး​စု​ထဲ​သို့ သိုး​သ​ငယ်​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။- ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​တို့​ကို မ​ဆောင်​ကြ​နှင့်။ လမ်း၌​သွား​စဉ်​တွင် အ​ဘယ်​သူ​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။- မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။ ထို​အိမ်၌ မင်္ဂ​လာ​သား​ရှိ​လျှင်၊ သင်​တို့​မြွက်​သော မင်္ဂ​လာ​သည် တည်​လိမ့်​မည်။- သို့​မ​ဟုတ် သင်​တို့​ထံ​သို့ ပြန်​လာ​လိမ့်​မည်။ ထို​အိမ်၌​နေ၍ အ​စား​အ​သောက်​စီ​ရင်​ရာ​ကို စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို​ခံ​ထိုက်​ပေ၏။ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လှည့်​လည်၍ မ​သွား​ကြ​နှင့်။- အ​ကြင်​မြို့​သို့​သင်​တို့​ဝင်၍ မြို့​သား​တို့​သည်​လက်​ခံ၏။ ထို​မြို့၌ သင်​တို့​ရှေ့​မှာ​ထည့်​သ​မျှ​ကို စား​ကြ​လော့။- လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။- အ​ကြင်​မြို့​သို့​ဝင်၍ မြို့​သား​တို့​သည် လက်​မ​ခံ​အံ့၊ ထို​မြို့၏​လမ်း​သို့ ထွက်​ပြီး​လျှင်၊ ငါ​တို့၌​ကပ်​သော သင်​တို့​မြို့၏ မြေ​မှုန့်​ကို ငါ​တို့​ခါ​လိုက်၏။- သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၏​အ​နီး​သို့​ရောက်​ကြောင်း​ကို သိ​မှတ်​ကြ​ဟု သူ​တို့​အား​ပြော​ကြ​လော့။- ငါ​ဆို​သည်​ကား၊ နောက်​ဆုံး​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့။ အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ သင်​တို့​သည် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​ထက် သာ၍​ခံ​ရ​ကြ​လ​တ္တံ့။- အို​က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။- သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ စာ​တန်​သည် လျှပ်​စစ်​ကဲ့​သို့ ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ပြီ။- သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။- သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 10:1-20 Common Language Bible (BCL)

ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။- ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။- သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။- သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။- သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။- ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။- သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။- သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။- ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။- သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊- `သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-' ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။'' ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​၌ သင်​တို့​ထက်​ပို​၍​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​အား​က​ရု​ဏာ​ထား​တော်​မူ​ပေ​အံ့။- အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။ ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။- မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။- သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

ရှင်လုကာ 10:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သခင်​ဘုရား​သည် အခြား​သော​သူ အယောက်​ခုနစ်ဆယ်​တို့​ကို​ခန့်ထား​၍ ကြွ​တော်မူ​ရန်​ကြံရွယ်​ထား​သော မြို့​ရွာ​အရပ်ရပ်​သို့ မိမိ​ရှေ့​မှ​နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ စေလွှတ်​တော်မူ​၏။ ကိုယ်တော်​သည် ထို​သူ​တို့​အား“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို​စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့။ သွား​ကြ။ ဝံပုလွေ​များ​ထဲသို့ သိုးသငယ်​များ​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ပိုက်ဆံ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။ မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။ ထို​နေရာ​တွင် ငြိမ်သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ထို​သူ​အပေါ်​သက်ရောက်​လိမ့်မည်။ မ​ရှိ​လျှင်​မူကား ထို​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်မည်။ ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။ မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်ခံ​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သော​အရာ​များ​ကို စား​ကြ​လော့။ ထို​မြို့​ရှိ နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေ​၍ ‘ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ’​ဟု သူ​တို့​အား ဟောပြော​ကြ​လော့။ မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်းမ​ပေါ်သို့ ထွက်​ပြီးလျှင် ‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေမှုန့်​ကို​ပင် ငါ​တို့​ခါချ​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့’​ဟု ဟောပြော​ကြ​လော့။ သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သောဒုံ​မြို့​သည် ထို​မြို့​ထက် ခံသာ​လိမ့်မည်။ ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​ကပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ၌​ထိုင်​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် တရား​စီရင်​တော်မူ​သောအခါ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။ ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်းမြီးကောက်​များ​ကို​နင်းချေ​၍ ရန်သူ​၏​တန်ခိုး​အလုံးစုံ​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို ပေးအပ်​ထား​ပြီ​ဖြစ်၍ မည်သည့်​အရာ​က​မျှ သင်​တို့​ကို အနာတရ​ဖြစ်​စေ​မည်​မ​ဟုတ်။ သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။