YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:57-66

ရှင်လုကာ 1:57-66 Judson Bible (JBMLE)

ဧ​လိ​ရှ​ဗက်​သည် ဖွား​အံ့​သော​နေ့​လ စေ့​သော​အ​ခါ သား​ယောက်ျား​ကို ဖွား​မြင်၏။- ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။- ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ​ငယ်​အား​ပေး​အံ့​သော​ငှာ လာ​ကြ၍၊ အ​ဘ၏​အ​မည်​ဖြစ်​သော ဇာ​ခ​ရိ​အ​မည်​ဖြင့် မှည့်​သော​အ​ခါ အ​မိ​က၊ ထို​သို့​မ​မှည့်​ရ။- ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု​ဆို​လျှင်၊ သူ​တို့​က၊- ယော​ဟန်​အ​မည်​ဖြင့် သင်၏​အ​ဆွေ​အ​မျိုး​တွင် တစ်​ယောက်​ကို​မျှ မ​မှည့်​ဟု​ဆို၍၊- အ​ဘ​သည် အ​ဘယ်​သို့​မှည့်​စေ​လို​သ​နည်း​ဟု အ​မှတ်​အား​ဖြင့် မေး​ကြ၏။- အ​ဘ​သည်​လည်း သင်​ပုန်း​ကို​တောင်း၍၊ သူ၏​အ​မည်​ကား ယော​ဟန်​ဖြစ်၏​ဟု ရေး​လေ​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​သည် နှုတ်​ဖွင့်​ခြင်း၊ လျှာ​လွတ်​ခြင်း​ရှိ​သည်​ဖြစ်၍၊ စ​ကား​အား​ဖြင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။- အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ခြင်း​ရှိ​ကြ၍ ထို​အ​မှု​အ​ရာ​များ​သည် ယု​ဒ​ပြည်​တောင်​ကြား​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။- ကြား​သော​သူ​အ​ပေါင်း​တို့​သည် နှ​လုံး​ထဲ၌​မှတ်​သား၍၊ ဤ​သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​လိမ့်​မည်​နည်း​ဟု ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း သူ​ငယ်​နှင့်​အ​တူ ရှိ​တော်​မူ၏။

ရှင်လုကာ 1:57-66 Common Language Bible (BCL)

ဧ​လိ​ရှ​ဗက်​သည်​နေ့​လ​စေ့​သော​အ​ခါ သား​ရ​တ​နာ​ကို​ဖွား​မြင်​၏။- ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။ ထို​နောက်​ရှစ်​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည် သူ​ငယ်​၏​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပွဲ​သို့​လာ​ကြ ၏။ သူ့​အား​ဇာ​ခ​ရိ​ဟူ​၍​အ​ဖ​၏​နာ​မည်​ကို​ပင် မှည့်​လို​ကြ​၏။- သို့​ရာ​တွင်​သူ​ငယ်​၏​မိ​ခင်​က ``ထို​နာ​မည်​ကို မ​မှည့်​ပါ​နှင့်။ ယော​ဟန်​ဟု​မှည့်​ခေါ်​ကြ​ပါ'' ဟု ဆို​၏။ လူ​တို့​က ``သင်​၏​မျိုး​ရိုး​တွင်​ယော​ဟန်​ဟု နာ​မည်​တွင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ'' ဟု ဧ​လိ​ရှ​ဗက်​အား​ပြန်​ပြော​ကြ​၏။- ထို​နောက်​ဖ​ခင်​၏​ဆန္ဒ​ကို​လက်​ရိပ်​ပြ​၍​စုံ​စမ်း​ကြ​၏။ ဇာ​ခ​ရိ​သည်​သင်​ပုံး​တစ်​ချပ်​ကို​တောင်း​ယူ​ပြီး လျှင် ``သူ​ငယ်​၏​နာ​မည်​ကား​ယော​ဟန်​ဖြစ်​၏'' ဟု ရေး​၏။- ထို​အ​ခါ​ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။ ချက်​ချင်း​ပင်​ဇာ​ခ​ရိ​ပြန်​လည်​စ​ကား​ပြော​နိုင် သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း လေ​၏။- အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။- ကြား​ကြ​သူ​အ​ပေါင်း​တို့​သည် ``ဤ​သူ​ငယ် ကား​အ​ဘယ်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း'' ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး တော်​သည်​ထို​သူ​ငယ်​အ​ပေါ်​သက်​ရောက်​လျက် နေ​တော်​မူ​၏။

ရှင်လုကာ 1:57-66 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် အဲလစ်ဇဘက်​သည် ဖွား​ချိန်​စေ့​၍ သားယောက်ျား​ကို​ဖွားမြင်​၏။ ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူငယ်​အား​အရေဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖခင်​၏​နာမည်​အတိုင်း သူ့​ကို ဇာခရိ​ဟု​မှည့်ခေါ်​မည်​ပြု​ကြ​၏။ သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မ​မှည့်​ရ။ ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။ သူ​တို့​က​လည်း “သင်​၏​ဆွေမျိုးသားချင်း​တို့​တွင် ဤ​နာမည်​ဖြင့်​မှည့်ခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီးလျှင် သူ့​ကို​မည်သို့​မှည့်ခေါ်​စေ​လို​ကြောင်း သူ​၏​ဖခင်​အား လက်ရိပ်​ပြ​၍​မေးမြန်း​ကြ​၏။ ဖခင်​သည်​လည်း သင်ပုန်း​ကို​တောင်း​၍ “သူ​၏​အမည်​မှာ ယောဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အပေါင်း​တို့​သည်​အံ့ဩ​ကြ​၏။ ထို​ခဏချင်း​တွင် ဇာခရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေလျော့​သဖြင့် သူ​သည်​စကား​ပြော​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လေ​၏။ သူ​တို့​ပတ်ဝန်းကျင်​၌​နေထိုင်​သူ​ရှိသမျှ​တို့​သည် ကြောက်ရွံ့​ကြ​၍ ဤ​အကြောင်းအရာ​အလုံးစုံ​တို့​သည် ယုဒ​နယ်​တောင်​ပေါ်​ဒေသ​တစ်လျှောက်​တွင် ကျော်စော​လေ​၏။ ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း ထို​အကြောင်းအရာ​တို့​ကို နှလုံး​သွင်း​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ​ဖြစ်​လိမ့်မည်​နည်း”​ဟု ဆို​ကြ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​လက်​တော်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။