YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 26:1-13

ဝတ်ပြုရာ 26:1-13 Judson Bible (JBMLE)

သင်​တို့​သည် ကိုယ်​အ​ဖို့​ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​ကို မ​ရှိ​စေ​ရ။ သင်​တို့​ပြည်၌​ကိုး​ကွယ်​စ​ရာ မှတ်​တိုင်​ကို​မ​စိုက်​ရ။ ထု​သော​ကျောက်​ကို ထောင်၍​မ​ထား​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊ အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။ စ​ပါး​နင်း​နယ်​သော​အ​မှု​သည်၊ စ​ပျစ်​သီး​ညှစ်​ရာ​ကာ​လ​တိုင်​အောင်​လည်း​ကောင်း၊ စ​ပျစ်​သီး​ညှစ်​သော​အ​မှု​သည်၊ မျိုး​စေ့​ကြဲ​ရာ ကာ​လ​တိုင်​အောင်​လည်း​ကောင်း မီ​သ​ဖြင့်၊ သင်​တို့​သည်​ဝ​စွာ​စား၍၊ ကိုယ်​ပြည်၌​ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။ သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။ သို​ထား​သော စ​ပါး​ဟောင်း​ကို​စား၍​မ​ကုန်​မီ၊ စ​ပါး​သစ်​ပေါ်​သော​ကြောင့်၊ အ​ဟောင်း​ကို​ထုတ်​ရ​ကြ​မည်။ ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​ခြင်း​မ​ရှိ​ဘဲ သင်​တို့​တွင် တဲ​တော်​ကို​တည်​မည်။ သင်​တို့​တွင်​လည်း​လှည့်​လည်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။

ဝတ်ပြုရာ 26:1-13 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။- ဘာ​သာ​ရေး​ပွဲ​တော်​များ​ကို​ကျင်း​ပ​၍ ငါ့ အား​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ကို​ရို​သေ​ရ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။'' ``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊- ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။- အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ ``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။- သင်​တို့​သည်​ရန်​သူ​များ​ကို​နှိမ်​နင်း​အောင်​မြင် ရ​လိမ့်​မည်။- သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။- ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။- သင်​တို့​၏​သီး​နှံ​အ​ထွက်​တိုး​သ​ဖြင့် တစ်​နှစ် စာ​အ​တွက်​ဖူ​လုံ​ရုံ​မျှ​မ​က​သင်​တို့​သည် စ​ပါး​သစ်​ကို​သို​လှောင်​နိုင်​ရန်​လက်​ကျန် စ​ပါး​ဟောင်း​ကို​ပင်​စွန့်​ပစ်​ရ​လိမ့်​မည်။- ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။- ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၍ သင်​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။- ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။

ဝတ်ပြုရာ 26:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​အဖို့ ရုပ်တု​များ​ကို မ​ပြုလုပ်​ရ​။ ဆင်းတု​ကို မ​ထွင်းထု​ရ​။ ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။ သင်​တို့​၏​ပြည်​၌ ကျောက်ဆစ်​ရုပ်တု​ကို​သင်​တို့​ရှိခိုးကိုးကွယ်​ဖို့ မ​ထား​ရ​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​၍ ငါ​၏​ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။ သင်​တို့​သည် စပျစ်သီး​ဆွတ်ခူး​ချိန်​အထိ တလင်းနယ်​ရ​လိမ့်မည်​။ စိုက်ပျိုး​ချိန်​အထိ စပျစ်သီး​ဆွတ်ခူး​ရ​လိမ့်မည်​။ အစားအစာ​ကို ဝ​စွာ​စား​ရ​၍ သင်​တို့​၏​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​၌ ငြိမ်းချမ်းမှု​ရှိ​စေ​သဖြင့် သင်​တို့​အိပ်​သောအခါ မည်သူ​မျှ သင်​တို့​ကို ကြောက်ရွံ့တုန်လှုပ်​အောင် လုပ်​လိမ့်မည်​မ​ဟုတ်​။ ငါ​သည် ဘေးအန္တရာယ်​ပေး​တတ်​သော တောရိုင်းတိရစ္ဆာန်​တို့​ကို ထို​ပြည်​ထဲမှ ဖယ်ရှား​မည်​။ သင်​တို့​ပြည်​သည် ဓားဘေး​နှင့် ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။ သင်​တို့​သည် ရန်သူ​တို့​ကို​လိုက်​၍ သူ​တို့​သည် သင်​တို့​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။ သင်​တို့​ထဲမှ ငါး​ယောက်​သည် အယောက်​တစ်ရာ​ကို​လိုက်​လိမ့်မည်​။ အယောက်​တစ်ရာ​သည် အယောက်​တစ်သောင်း​ကို​လိုက်​လိမ့်မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။ ငါ​သည် သင်​တို့​ကို ကြည့်ရှု​မည်​။ သင်​တို့​ကို တိုးပွား​များပြား​စေ​မည်​။ သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။ သင်​တို့​သည် ကြာရှည်​စွာ​သိုထား​သော​သီးနှံ​အဟောင်း​ကို စား​ရ​လိမ့်မည်​။ သီးနှံ​အသစ်​ပေါ်​သောအခါ အဟောင်း​ကို​ထုတ်ပစ်​ရ​လိမ့်မည်​။ ငါ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သင်​တို့​အလယ်​၌ ငါ​ထား​မည်​။ ငါ​သည် သင်​တို့​ကို​ရွံရှာ​မည်​မ​ဟုတ်​။ ငါ​သည် သင်​တို့​အလယ်​၌ သွားလာ​၍ သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည် အီဂျစ်​ပြည်​၌​ကျွန်ခံ​ခဲ့​သော​သင်​တို့​ကို ထို​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ထမ်းပိုး​ကို ချိုးဖျက်​၍ သင်​တို့​ကို မတ်မတ်​လျှောက်​စေ​မည်​။