ယေရမိမြည်တမ်း 3:39-41
ယေရမိမြည်တမ်း 3:39-41 Judson Bible (JBMLE)
အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။ ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင့်ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။
ယေရမိမြည်တမ်း 3:39-41 Common Language Bible (BCL)
ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။ ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။ ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
ယေရမိမြည်တမ်း 3:39-41 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူ၊ အသက်ရှင်သောလူသည် အဘယ်ကြောင့် မိမိအပြစ်အတွက် စောဒကတက်ရသနည်း။ ကိုယ့်အကျင့်အကြံများကို ဆင်ခြင်သုံးသပ်၍ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကောင်းကင်ဘုံရှိ ထာဝရဘုရားထံ ငါတို့စိတ်နှလုံးပါလျက် လက်ကို ချီကြစို့။