YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:16-24

ယေရမိမြည်တမ်း 3:16-24 Judson Bible (JBMLE)

ကျောက်​စ​ရစ်​ကို​ကျွေး၍ ငါ့​သွား​တို့​ကို ချိုး​တော်​မူ၏။ မီး​ဖို​ပြာ​နှင့် ဖုံး​တော်​မူ၏။ ငါ၏​ဝိ​ညာဉ်​ကို ချမ်း​သာ​နှင့်​ဝေး​စွာ​ရွှေ့​တော်​မူ​သော​ကြောင့်၊ ငါ​သည် မင်္ဂ​လာ​အ​ကြောင်း​ကို မေ့​လျော့၏။ သို့​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စွမ်း​သ​တ္တိ​နှင့် မျှော်​လင့်​စ​ရာ​အ​ကြောင်း ပျက်​လေ​ပြီ​ဟု ဆို​ရ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ ဧ​ကန်​အ​မှန် အောက်​မေ့​တော်​မူ​လိမ့်​မည်။ ထို​သို့ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​သည် ဆင်​ခြင်၍​သ​တိ​ရ​သော​အ​ခါ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။ ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။

ယေရမိမြည်တမ်း 3:16-24 Common Language Bible (BCL)

ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။ ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။ ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။ ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။ ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

ယေရမိမြည်တမ်း 3:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သွား​တို့​ကို ကျောက်စရစ်​များ​ဖြင့် ကျိုး​စေ​တော်မူ​ပြီ​။ ငါ့​ကို ပြာပုံ​ထဲတွင် လူး​စေ​တော်မူ​ပြီ​။ ငါ့​စိတ်ဝိညာဉ်​သည် ငြိမ်သက်​ခြင်း​ကင်း​လျက် ကောင်းစား​ခြင်း​ကို​လည်း မေ့လျော့​လေ​ပြီ​။ သို့ဖြစ်၍ “​ငါ့​ခွန်အား ကုန်ခန်း​ပြီ​။ ထာဝရဘုရား​ထံ​တော်​မှ ငါ့​မျှော်လင့်​ခြင်း ကုန်ဆုံး​ပြီ​”​ဟု ငါ​ဆို​ရ​၏​။ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​၊ ဆင်းရဲဒုက္ခ​တို့​ကို သတိရ​တော်မူ​ပါ​။ အကျွန်ုပ်​သောက်​ရ​သော ဒေါနရည်​၊ အဆိပ်ရည်​တို့​ကို​လည်း သတိရ​တော်မူ​ပါ​။ ထို​အရာ​တို့​ကို အမြဲတမ်း​အမှတ်ရ​လျက် ငါ့​စိတ်ဝိညာဉ်​သည် ညှိုးငယ်​ရ​ပါ​ပြီ​။ သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။ နံနက်တိုင်း ကရုဏာ​တော်​အသစ်​ကို ခံစား​ရ​ပါ​၏​။ သစ္စာ​တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ “​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။