YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒ 1:3-7

ရှင်ယုဒ 1:3-7 Judson Bible (JBMLE)

ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။- ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ မိ​မိ​တို့​အ​ခွင့်​အ​ရာ​ကို မ​စောင့်၊ မိ​မိ​တို့ နေ​ရာ​အ​ရပ်​ကို စွန့်​ပစ်​သော ကောင်း​ကင်​တ​မန်​တို့​ကို၊ ကြီး​စွာ​သော​နေ့၌ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ချည်​နှောင်​ခြင်း​အား​ဖြင့် မှောင်​မိုက်​ထဲ​မှာ ချုပ်​ထား​တော်​မူ၏။- ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။

ရှင်ယုဒ 1:3-7 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။- မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။- သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။

ရှင်ယုဒ 1:3-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။ အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။ သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။ ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။ ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။