YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒဩဝါဒစာ 1:3-7

ရှင်ယုဒဩဝါဒစာ 1:3-7 MSBU

ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။ အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။ သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။ ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။ ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။