ယောရှု 6:16-20
ယောရှု 6:16-20 Judson Bible (JBMLE)
သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကို ပေးတော်မူမည်။ မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကိုကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည့်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ရှိသမျှတို့အား အသက်ချမ်းသာပေးရမည်။ သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကိုသိမ်းယူလျှင် မိမိတို့ကိုလည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။ ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။ ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။
ယောရှု 6:16-20 Common Language Bible (BCL)
မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။- မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။- သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။- ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။ ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။
ယောရှု 6:16-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။ ထိုမြို့နှင့်တကွ မြို့ထဲရှိသမျှတို့သည် ထာဝရဘုရား၏ကျိန်ခြင်းကို ခံရသောအရာများဖြစ်၏။ ပြည့်တန်ဆာရာခပ်မူကား ငါတို့စေလွှတ်လိုက်သောသူလျှိုတို့ကို ဝှက်ထားပေးခဲ့သောကြောင့် သူနှင့်သူ့အိမ်သူအိမ်သားအားလုံးတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။ ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။ ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။