YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 6:16-20

ယောရှုမှတ်စာ 6:16-20 MSBU

ခုနစ်​ပတ်​မြောက်​တွင် ယဇ်ပုရောဟိတ်​တို့ တံပိုး​မှုတ်​သောအခါ ယောရှု​က လူ​တို့​အား “​ကြွေးကြော်​ကြ​လော့​။ ထာဝရဘုရား​သည် ဤ​မြို့​ကို သင်​တို့​အား ပေး​တော်မူ​ပြီ​။ ထို​မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​သည် ထာဝရဘုရား​၏​ကျိန်​ခြင်း​ကို ခံရ​သော​အရာ​များ​ဖြစ်​၏​။ ပြည့်တန်ဆာ​ရာခပ်​မူကား ငါ​တို့​စေလွှတ်​လိုက်​သော​သူလျှို​တို့​ကို ဝှက်​ထား​ပေး​ခဲ့​သောကြောင့် သူ​နှင့်​သူ့​အိမ်သူအိမ်သား​အားလုံး​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။ ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သတိထား​ရှောင်​ရ​မည်​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သင်​တို့​ယူ​မိ​လျှင် သင်တို့ကိုယ်သင်တို့ အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ အစ္စရေး​တပ်စခန်း​ကို​လည်း အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ ဒုက္ခပေး​ရာ​ရောက်​လိမ့်မည်​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​အလုံးစုံ​တို့​မူကား ထာဝရဘုရား​အဖို့ သန့်ရှင်း​သည်​ဖြစ်၍ ထာဝရဘုရား​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ရ​မည်​”​ဟု ဆို​လေ​၏​။ ဤသို့ဖြင့် လူ​အပေါင်း​တို့​သည်​လည်း ကြွေးကြော်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​ကြ​၏​။ လူ​တို့​သည် တံပိုးမှုတ်သံ​ကို ကြား​ရ​သည်​နှင့် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​ရာ မြို့ရိုးကြီး ပြိုကျ​သွား​ကုန်​၏​။ လူ​တို့​က​လည်း မြို့​ထဲသို့ တန်းတန်းမတ်မတ်​ဝင်​၍ မြို့​ကို​သိမ်းပိုက်​လေ​၏​။