YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 3:7-17

ယောရှု 3:7-17 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​နား​သို့ ရောက်​သော​အ​ခါ၊ ယော်​ဒန်​မြစ်၌ ရပ်​နေ​ရ​မည်​အ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။ ယော​ရှု​က​လည်း၊ လာ​ကြ​လော့။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်​လျက်၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သင်​တို့​ရှေ့​မှာ၊ ယော်​ဒန်​မြစ်​ထဲ​သို့​ကူး​သွား​လိမ့်​မည်။ သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​များ​ထဲ​က တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​တို့​ကို ရွေး​ကောက်​ကြ​လော့။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊ ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊ မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။

ယောရှု 3:7-17 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင် ယ​နေ့​မှ​စ​၍​သင့်​အား ငါ​ချီး​မြှောက်​မည်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ ရှိ​သ​ကဲ့​သို့​သင်​နှင့်​အ​တူ​ရှိ​ကြောင်း​သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။- ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​သော ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြစ်​ကမ်း​စပ်​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​ရေ​ထဲ​၌​ရပ်​နေ ရန်​မှာ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``လာ ကြ၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​ကြ​လော့။- သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။- ယ​ခု​မူ​ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး ကျ​ဖြင့် လူ​တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး ချယ်​ကြ​လော့။- ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။ ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။ လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊- ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။- လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။

ယောရှု 3:7-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က ယောရှု​အား “​ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​သည်​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​သိမြင်​ကြ​မည့်​အကြောင်း ယနေ့​မှ​စ​၍ သင့်​ကို သူ​တို့​ရှေ့​၌ ချီးမြှောက်​မည်​။ သင်​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​သော​ယဇ်ပုရောဟိတ်​တို့​အား ‘​သင်​တို့​သည် ဂျော်ဒန်​မြစ်ရေ​စပ်နား​သို့​ရောက်​သောအခါ ဂျော်ဒန်​မြစ်ရေ​၌ ရပ်​နေ​ရ​မည်​’​ဟူ၍ ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဤ​နေရာ​သို့​လာ​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​”​ဟု ဆို​၏​။ တစ်ဖန် ယောရှု​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ မုချ​နှင်ထုတ်​တော်မူ​မည်​ဖြစ်ကြောင်း​ကို ဤသို့​အားဖြင့် သင်​တို့​သိ​ရ​မည်​။ မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင်သခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဂျော်ဒန်​မြစ်​ကို သင်​တို့​ရှေ့​မှ​ကူးသွား​မည်​။ သို့ဖြစ်၍ ယခု အစ္စရေး​မျိုးနွယ်​များ​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်ယူ​လော့​။ မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်ရေ​၌ ခြေချ​လိုက်​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်သွား​၍ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ လူ​တို့​သည် မိမိ​တို့​တဲ​များ​မှ​ထွက်​၍ ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​သောအခါ ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​ရှေ့​မှ​သွား​ကြ​၏​။ ဂျော်ဒန်​မြစ်ရေ​သည် ရိတ်သိမ်း​ရာ​ကာလ​၌ မြစ်ကမ်း​တစ်လျှောက်​ရေ​လျှံ​လေ့​ရှိ​၏​။ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ ရေ​စပ်​၌ ခြေချ​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်​၍ အလှမ်းဝေး​သော​ဇာရတန်​မြို့​အနီး​ရှိ​အာဒံ​မြို့​အထိ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​၏​။ အရာဗ​ပင်လယ်​ဟု​ခေါ်​သော ဆား​ပင်လယ်​တိုင်အောင် စီးဆင်း​သော​ရေ​သည် လုံးလုံး​ပြတ်​သွား​၏​။ လူ​တို့​သည်​လည်း တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​သို့ ကူးသွား​ကြ​၏​။ လူ​အားလုံး​ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​ပြီး​သည်​အထိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၊ ခြောက်သွေ့​သော​မြေ​ပေါ်၌ မြဲမြံ​စွာ​ရပ်​နေ​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ခြောက်သွေ့​သော​မြေ​ပေါ်၌ ကူးသွား​ရ​ကြ​၏​။