ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။- ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။ ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။- သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။- ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။- ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။ ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊- ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။- လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။
ယောရှု 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 3:7-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ