YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 22:1-5

ယောရှု 22:1-5 Judson Bible (JBMLE)

တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​သည် ပြု၍၊ ငါ​မှာ​ထား​သ​မျှ​သော စ​ကား​ကို​လည်း နား​ထောင်​ကြ​ပြီ။ ယ​နေ့​တိုင်​အောင် ကြာ​မြင့်​စွာ​သော​ကာ​လ​ပတ်​လုံး သင်​တို့​သည် ညီ​အစ်​ကို​များ​ကို မ​စွန့်​ဘဲ​နေ၍၊ သင်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​မှာ​ထား​တော်​မူ​သ​မျှ​ကို စောင့်​ရှောက်​ကြ​ပြီ။ ယ​ခု​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ သင်​တို့​ပြန်၍ ကိုယ်​နေ​ရာ​အိမ်​သို့​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ ကိုယ်​ပိုင်​သော​မြေ​သို့​လည်း​ကောင်း သွား​ကြ​လော့။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊

ယောရှု 22:1-5 Common Language Bible (BCL)

ထို​နောက်​ယော​ရှု​သည်​ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့ ဘက်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ် ပြီး​လျှင်၊- ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​မိန့်​မှာ​သ​မျှ​ကို​ဆောင်​ရွက်​၍ ငါ​၏ အ​မိန့်​အား​လုံး​ကို​လည်း​လိုက်​နာ​ခဲ့​ကြ ပြီ။- သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​ချင်း​တို့​ကို​သစ္စာ​ရှိ​ရှိ​ဖြင့်​ကူ​ညီ ခဲ့​ကြ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ခဲ့​ကြ​ပြီ။- ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ကိုယ်​တော်​၏​ပညတ်​တော်​များ ကို​စောင့်​ထိန်း​လော့။ အ​လို​တော်​အ​တိုင်း​ကျင့် ၍​ကိုယ်​တော်​၏​သစ္စာ​ကို​စောင့်​ကြ​လော့။ အ​မှု တော်​ကို​ကိုယ်​စွမ်း၊ စိတ်​စွမ်း​ရှိ​သ​မျှ​ဖြင့် ဆောင်​ရွက်​ကြ​လော့​ဟူ​၍ မော​ရှေ​မိန့်​မှာ​ခဲ့ သည့်​အ​တိုင်း​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

ယောရှု 22:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်မှ ယောရှု​သည် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ကို ခေါ်​၍ “​ထာဝရဘုရား​၏​အစေအပါး​မောရှေ မှာကြား​ခဲ့​သည့်​အတိုင်း သင်​တို့​ပြု​ကြ​သည့်​နည်းတူ ငါ​မှာကြား​သမျှ​ကို​လည်း သင်​တို့​လိုက်နာ​ကြ​ပြီ​။ သင်​တို့​သည် ယနေ့​အထိ သင်​တို့​၏​ညီအစ်ကို​တို့​ကို​မ​စွန့်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​မှာကြား​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီ​။ ယခု​တွင်​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ညီအစ်ကို​တို့​အား အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် သင်​တို့​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ခဲ့​သည့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ သင်​တို့​ပိုင်ဆိုင်​ရာ​ပြည်​၊ သင်​တို့​၏​အိမ်​ရှိ​ရာ​သို့​ပြန်​သွား​ကြ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ရ​မည်​၊ တရားလမ်း​တော်​ရှိသမျှ​အတိုင်း​လိုက်လျှောက်​ရ​မည်​၊ ပညတ်တော်​များ​ကို​စောင့်ထိန်း​ရ​မည်​၊ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​၊ သင်​တို့​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​ရ​မည်​ဟူ၍ သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​မိန့်မှာ​ထား​သည့် ပညတ်တော်​၊ တရားတော်​တို့​ကို​စောင့်ထိန်း​မည့်​အကြောင်း အထူး​သတိပြု​ကြ​လော့​”​ဟု မှာကြား​လေ​၏​။