ထို့နောက်မှ ယောရှုသည် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို ခေါ်၍ “ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားခဲ့သည့်အတိုင်း သင်တို့ပြုကြသည့်နည်းတူ ငါမှာကြားသမျှကိုလည်း သင်တို့လိုက်နာကြပြီ။ သင်တို့သည် ယနေ့အထိ သင်တို့၏ညီအစ်ကိုတို့ကိုမစွန့်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီ။ ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
ယောရှုမှတ်စာ 22 ကိုဖတ်ပါ။
နားထောင်ပါ။ ယောရှုမှတ်စာ 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှုမှတ်စာ 22:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ